Main menu

လက်ပံတန်းမြို့နယ် အ-ထ-က ကျောင်းများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ (၉-၂-၂၀၂၃)ရက်နေ့၊ နံနက် ( ၁၀:၀၀) နာရီအချိန်တွင် ခရိုင်ဦးစီးမှူး ဦးအောင်သိန်း၊ စားသုံး/ထုတ်လုံတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီ၊ မြို့နယ်တာဝန်ခံ ဦးချစ်ကိုကိုတို့သည် အ-ထ-က ( ဖိုးခေါင်စု) ကျောင်း၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ ၂၉၂ ဦးအားလည်းကောင်း၊ အ-လ-က (ရေကန်) ကျောင်း၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၁၆၂)ဦးအားလည်းကောင်း တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၉)ပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များအတိုင်း သိသာထင်ရှားစွာ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့် စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ဓာတုဆိုးဆေးနှင့် တာရှည်ခံဆေးများ၏အန္တရာယ်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် ထုတ်လုပ်ရက်နှင့်ကုန်ဆုံးရက်များပါရှိသည့် သန့်ရှင်းလတ်ဆတ်သောအစားအသောက်များကို ရွေးချယ်ဝယ်ယူစားသောက်တတ်စေရန် အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ ကျောင်းမုန့်ဈေးတန်းများတွင် ကျန်းမာရေးနှင့်ညီညွတ်၍ ဘေးအန္တရာယ်ကင်းရှင်းသောကျောင်းမုန့်ဈေးတန်းဖြစ်စေရေးအတွက် မုန့်ရောင်းချသူများအနေဖြင့် တစ်ကိုယ်ရည်သန့်ရှင်းရေး အလေးထားဆောင်ရွက်ရန်နှင့် သန့်ရှင်းလတ်ဆတ်သောအစားအသောက်များကို ရွေးချယ်ဝယ်ယူရောင်းချရန်၊ ယင်နားစာများမဖြစ်စေရန်အတွက် သေချာစွာဖုံးအုပ်ရောင်းချရန် ၊စားသုံးရန်မသင့်သောအစားအစာများကို ရောင်းချခြင်းမပြုရန်နှင့် ကိုဗစ် - ၁၉ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးဆွေးနွေးပြီး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ပါကြောင်းသတင်းရရှိပါသည်။

DOCA(ပဲခူး)