Main menu

ပြည်ခရိုင်အတွင်း စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးပွဲများဆောင်ရွက်

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး၏လမ်းညွှန်ချက်အရ ပြည်မြို့နယ်တာဝန်ခံသည် (၁၅-၂-၂၀၂၃) ရက်နေ့တွင် ပြည်ခရိုင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သော ပြည်ခရိုင်အတွင်းရှိ နို့စားနွားမွေးမြူထုတ်လုပ်ရေးသင်တန်းသို့သွားရောက်၍ သင်တန်းတက်ရောက်လျက်ရှိသော သင်တန်းသားများအားတွေ့ဆုံ၍ စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများ၏အခွင့်အရေးများ၊ လိုက်နာရမည့်တာဝန်များ ၊ကုန်စည်(သို့)ဝန်ဆောင်မှု၏ အာမခံထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားပြုလုပ်ခြင်းဆိုင်ရာပြဋ္ဌာန်းချက်များ၊ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည့်အချက်များ၊ ကုန်စည်(သို့)ဝန်ဆောင်မှုကိုသုံးစွဲခြင်းကြောင့် နစ်နာဆုံးရှုံးမှုအပေါ် အရေးဆိုတိုင်တန်းနိုင်သည့် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးခန်းဖွင့်လှစ်ဆောင်ရွက်ထားမှုအခြေအနေများအား အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)