Main menu

ပြည်ချင်းဈေးအနည်းငယ်ကျဆင်းလာပြီး အရောင်းအဝယ်အနည်းငယ်ဖြစ်

Powered by Drupal

     ချင်းတက်ကို စားဖိုဆောင်သုံး ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသားဟင်းများချက်ပြုတ်ရာတွင် မပါမဖြစ်အသုံးပြုရပါသည်။ မြန်မာလူမျိုးများသည် ဓားလှီးချင်းကို ချင်းသုပ်သုပ်၍ စားရာ၌ ပို၍အကြိုက်များကြပါသည်။ ချင်းကို ပြည်ခရိုင်တွင် စီးပွားဖြစ်စိုက်ပျိုးခြင်းမရှိဘဲ တစ်နိုင်တစ်ပိုင် မိမိဘာသာစားသုံးရန်နှင့် ဈေးကွက်တင်၍ရောင်းချရန်အတွက်စိုက်ပျိုးကြပါသည်။ ချင်းကို မြေအမျိုးအစားမရွေးစိုက်ပျိုးနိုင်ပြီး နုန်းမြေ၊ မြေနီသဲဝန်းမြေနှင့် ရေသွင်း၊ရေထုတ်ကောင်းသောမြေမျိုးတွင် အောင်မြင်ဖြစ်ထွန်းပါသည်။ ချင်းကိုမေလတွင်စိုက်ပျိုးလျှင် အကောင်းဆုံးအချိန်ဖြစ်ပါသည်။ ချင်းတစ်ဧကစိုက်ပျိုးလျှင် မျိုးမှာ ပိဿာချိန်(၃၀၀)ခန့်ကုန်ကျပါသည်။ စိုက်ပျိုးပြီး (၈)လအကြာတွင် ချင်းတက်များကိုနုတ်ယူရပြီး တစ်ဧကလျှင် အထွက်နှုန်းမှာ ပိဿာ (၂၀၀၀) ခန့်ထွက်ရှိပါသည်။ ချင်းစိုက်တောင်သူအချို့မှာ (၂)နှစ်၊ (၃)နှစ်ကြာမှ ထုတ်ဖော်၍ရောင်းချကြပါသည်။

       ချင်းဈေးနှုန်းဈေးကွက်အနေဖြင့် ပြည်ဈေးကွက်သို့ အောင်ပန်းဘက်မှ ချင်းများဝင်ရောက်လျက်ရှိပြီး တစ်ပတ်လျှင် ပိဿာချိန်(၁၀၀)ခန့်ဝင်ဆံ့သော ပို(၃၀၀/၄၀၀)ခန့်ဝင်ရောက်လျက်ရှိ ပါသည်။ ဝင်ရောက်လာသောချင်းများကို ဒေသတွင်းရှိ လက်လီ/လက်ကားအရောင်းအဝယ်သမားများဖြင့် အရောင်းအဝယ်ဖြစ်နေသော်လည်း အနည်းငယ်သာအရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ချင်းဈေးနှုန်းများအနေဖြင့်  ချင်းပွဲရုံလက်ကားဈေးတစ်ပိဿာလျှင် (၁၅၀၀-၁၈၀၀) ကျပ်ဈေးရှိပြီး လက်လီတစ်ပိဿာလျှင် (၁၈၀၀-၂၀၀၀) ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်းသတင်းရရှိပါသည်။

DOCA(ပဲခူး)