Main menu

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း (၁/၂၀၂၃) ကျင်းပပြုလုပ်ခြင်း

Powered by Drupal

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေပြီး ဌာန၏လုပ်ငန်းများ လွယ်ကူလျင်မြန်၍ တိုးတက်အောင်မြင်လာအောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားလာစေရန်ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း(၁/၂၀၂၃)အား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၆)ရက်နှင့် (၁၇)ရက်နေ့များတွင် ပခုက္ကူခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

      အဆိုပါသင်တန်းတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးပို့ချခဲ့သော မှန်ကန်ထိရောက်သောရုံးစာရေးသားခြင်းကို ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က ဆင့်ပွားပို့ချပေးပြီးနောက် ပို့ကုန်သွင်းကုန်ဥပဒေအားလည်းကောင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းစဉ်ဆိုင်ရာညွှန်ကြားချက်(၁/၂၀၂၂)အားလည်းကောင်း၊ ဂန့်ဂေါခရိုင်ဦးစီးမှူး (ပခုက္ကူတွဲဘက်) ဒေါ်မွန်မွန်စိုးက ဘေးအန္တရာယ်ရှိသောကုန်စည်ကို ပြန်လည်သိမ်းဆည်းစေခြင်း သို့မဟုတ် အမြဲတမ်းတားမြစ်ခြင်းနှင့် ဘေးအန္တရာယ်ရှိသောဝန်ဆောင်မှုကို ယာယီတားမြစ်ခြင်း သို့မဟုတ် အမြဲတမ်းတားမြစ်ခြင်းဆိုင်ရာညွှန်ကြားချက်(၃/၂၀၂၂)အားလည်းကောင်း၊ ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးက စားသုံးသူကာကွယ်ရေးနည်းဥပဒေအားလည်းကောင်း၊ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံ ဒေါ်မြင့်မြင့်သန်းက (The Commerce Journal) သတင်းရေးသားနည်းသင်တန်းမှပို့ချသော သတင်းရေးသားနည်းဆိုင်ရာအချက်အလက်များအား Online Zoom meeting ဖြင့် တက်ရောက်မှုကိုလည်းကောင်း အသီးသီးဆင့်ပွားပို့ချခဲ့ကြပါသည်။

         ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး(၁/၂၀၂၃)သင်တန်းအား (၉:၃၀ နာရီမှ ၁၆:၀၀ နာရီအထိ) ကျင်းပပြုလုပ်ခဲ့ရာ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ သင်တန်းသား(၂၀)ဦးတို့တက်ရောက်ခဲ့ပြီး ယခုဖွင့်လှစ်သော ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းများသည် ဝန်ထမ်းများအတွက် အသိပညာဗဟုသုတများရရှိ၍ လုပ်ငန်းဆောင်ရွက်မှုတွင် ပိုမိုတိုးတက်အောင်မြင်လာမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မကွေး)