Main menu

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ပညာရေးဒီဂရီကောလိပ်၊ ပညာဗိမာန်ခန်းမ၌ စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း ဆောင်ရွက်

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေး/ချောက်ခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှ (လက်ထောက်ညွှန်ကြားရေးမှူး)၊ ဒု-ခရိုင်ဦးစီးမှူး၊ ဦးမျိုးဝင်း(ဦးစီးမှူး)နှင့် ခရိုင်ဦးစီးမှူးရုံးဝန်ထမ်းများသည် (၁၅-၂-၂၀၂၃)ရက်နေ့ နေ့လယ်(၁၅း၀၀)နာရီမှ (၁၆း၄၅)နာရီအထိ မကွေးပညာရေးဒီဂရီကောလိပ်(ပညာဗိမာန် ခန်းမ)၌  စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ပါသည်။

         မကွေး/ချောက်ခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှ (လက်ထောက်ညွှန်ကြားရေးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပါ စားသုံးသူ၊ စီးပွားရေးလုပ်ငန်းရှင်၊ စားသုံးသူကာကွယ်ရေး၏ အဓိပ္ပါယ်များ၊ စားသုံးသူများရရှိနိုင်မည့်အခွင့်အရေး(၈)ချက်၊ စားသုံးသူများလိုက်နာရမည့်တာဝန်(၄)ချက်နှင့် ကုန်စည်များဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့်ကုန်အညွှန်းအမှတ်အသားများ အကြောင်း၊ ဦးမျိုးဝင်း(ဦးစီးမှူး)က စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်နှင့်တားမြစ်ချက်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များ၊ ကုန်စည်(သို့)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူများကတောင်းဆိုနိုင်သည့် အခွင့်အရေးများအားလည်းကောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူများသည် နစ်နစ်ဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ဌာန၌ဖွင့်လှစ်ထားသော Consumer Information Complaint Center (CICC)သို့လည်းကောင်း၊ MPT, Mytel, Telenor, Oredoo Sim Card များဖြင့် Call Center No. 1535 သို့ ခေါ်ဆိုတိုင်ကြားနိုင်ပုံနှင့် ဌာန၏ Website www.doca.gov.mm သို့လည်းကောင်း၊ face book page တွင် DOCA Myanmar Facebook Page သို့လည်းကောင်း ဝင်ရောက်တိုင်ကြားနိုင်ပုံများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

     အဆိုပါအသိပညာပေးဟောပြောပွဲတွင် မကွေးပညာရေးဒီဂရီကောလိပ်မှ ဆရာ/ဆရာမ(၂၅)ဦး၊ သင်တန်းသား/သင်တန်းသူ(၇၀၀)ဦး၊ စုစုပေါင်း (၇၂၅)ဦးတို့တက်ရောက်ခဲ့ကြောင်းနှင့် ဌာနက အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(မကွေး)