Main menu

မုံရွာမြို့တွင် ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

Powered by Drupal

      ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလ တတိယပတ်အတွင်း မုံရွာမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် (၃၆၀၀)ကျပ်၊ ဧရာမင်းဆန်တစ်ပြည်အဟောင်း (၃၁၀၀) ကျပ်နှင့် ဧရာမင်းဆန်တစ်ပြည်အသစ်(၂၈၀၀)ကျပ်ဖြင့်အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီ တစ်ပိဿာလျှင်(၇၁၀၀)ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင်(၁၂၀၀၀) ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၁၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီ တစ်ပိဿာလျှင် (၂၂၀၀)ကျပ်မှ (၂၅၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူလက်လီ (ဗမာ) တစ်ပိဿာလျှင် (၇၀၀၀)ကျပ်မှ (၈၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်း)တစ်ပိဿာလျှင် (၅၀၀၀)ကျပ်မှ (၅၅၀၀)ကျပ်ထိ၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် (၅၀၀၀)ကျပ်မှ(၅၅၀၀)ကျပ်ထိ၊ ချင်းတက်တစ်ပိဿာ လျှင် (၁၄၀၀)ကျပ်မှ (၁၅၀၀)ကျပ်ထိ၊ ငရုတ်ခြောက်အမျိုးအစားအလိုက်  (၁၈၀၀၀) ကျပ် မှ (၁၉၀၀၀)ကျပ်ထိ၊ အာလူး (၂၄၀၀)ကျပ်မှ (၂၅၀၀) ကျပ်ထိ၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၁၀၀၀)ကျပ်မှ (၁၂၀၀)ကျပ်တို့ ဖြင့်အရောင်းအဝယ်ဖြစ်လျက်ပါသည်။

   ကြက်ဥလက်လီဈေးနှုန်းမှာ အကြီး တစ်လုံး(၂၅၀)ကျပ်၊ အသေးတစ်လုံး(၂၀၀)ကျပ်၊ ဘဲဥ(ကြီး) တစ်လုံး (၃၅၀)ကျပ်၊ သေးတစ်လုံး(၃၀၀)ကျပ်ရှိသည်။ မုံရွာမြို့၏ သား/ ငါးဈေးနှုန်းမှ ကြက်သား (CP) တစ်ပိဿာ( ၉၅၀၀)ကျပ်မှ  (၁၀၀၀)ကျပ်ထိ ၊ ကြက်သား(ဗမာ) တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာ(၁၆၀၀၀)ကျပ်မှ (၁၇၀၀၀) ကျပ်ထိ၊ အမဲသားတစ်ပိဿာ (၁၆၀၀၀) ကျပ်မှ (၁၇၀၀၀)ကျပ်ထိ၊ ငါးမြစ်ချင်းတစ်ပိဿာလျှင်(၇၀၀၀)ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် (၈၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

    ဖေဖော်ဝါရီလ တတိယပတ်အတွင်း အခြေခံစားကုန်ဈေးနှုန်းမျာနှင့် ယခင်အပတ်ဈေးနှုန်းများနှိုင်းယှဉ်လျှင် ဈေးနှုန်းများကွာဟမှုမရှိကြောင်း မုံရွာမြို့ဈေးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)