Main menu

ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်သော ပဲစဉ်းငုံ

Powered by Drupal

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ ဖေဖော်ဝါရီလ တတိယပတ်အတွင်း အရောင်းအဝယ် ဖြစ်သည့်သီးနှံနှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။

  ရွှေဘိုမြို့ ပဲ၊ နှမ်း ကုန်စည်ဒိုင်တွင် ဒီဇင်ဘာလနောက်ဆုံးပတ်မှစတင်၍ ပဲစဉ်းငုံများ စတင် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဖေဖော်ဝါရီလ တတိယပတ်အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ တတိယပတ်၌ ပဲစဉ်းငုံတစ်တင်းလျှင်(၆၅၆၀ဝိ/-)ဖြင့် တစ်ရက်လျှင်တင်း(၁၈၀၀)ခန့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၉၀၀၀)တင်း/ (၂၉၄)တန်ဖြစ်ကြောင်း၊ ပဲစဉ်းငုံတစ်တင်း၏ ယခင်အပတ်ပေါက်ဈေးမှာ (၆၁၀၀ဝိ/-)သာရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုအပတ်တွင် ယခင်အပတ်ထက်  တစ်တင်းလျှင်(၄၆၀ဝိ/-) ဈေးပိုခဲ့ကြောင်း၊  ယခုအပတ်တွင် ပဲစဉ်းငုံဝင်ရောက်မှုမှာ ယခင်အပတ်အောက် လျော့နည်းခဲ့သော်လည်း ဝင်ရောက်သမျှ အမြင့်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)