စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သူဇာမြင့်(ဦးစီးမှူး)၊ ဦးသိန်းထိုက်အောင်(ဒု-ဦးစီးမှူး)၊ ဦးသိန်းအောင်(ကြီး/ရေး)၊ ဒေါ်ထားမဲင်းဇိန်(ရုံးအကူ)တို့သည် ဟားခါးမြို့၊ ဈေးကွက်ရပ်ကွက်ရှိ ကုန်စုံဆိုင်များအား (၁၇.၂.၂၀၂၃) ရက်နေ့၊(သောကြာနေ့)နံနက် (၀၉:၃၀)နာရီ အချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် ကုန်ပစ္စည်းများတွင်ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ မြန်မာဘာသာ သို့မဟုတ် မြန်မာဘာသာနှင့်အခြားဘာသာတစ်ခုခု ဖော်ပြထားခြင်းရှိ/မရှိ၊ Expire Date သက်တမ်းကုန်ပစ္စည်းများဈေးကွက်အတွင်းရှိ/မရှိနှင့် သက်ဆိုင်ရာဌာနကတရားမဝင် ကုန်ပစ္စည်းအဖြစ်ကြေညာထားသည့်ကုန်ပစ္စည်းများ ဈေးကွက်အတွင်းသို့ ဝင်ရောက်လာမှုရှိ/မရှိ စသည့်အခြေအနေတို့ကို စစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ ကုန်စုံဆိုင်ရောင်းချသူများအားကုန်ပစ္စည်းများကို မှာယူရာတွင် ကုန်ပစ္စည်းထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများ၏ နေရပ်လိပ်စာ သို့မဟုတ် ကုမ္ပဏီနှင့်ပတ်သက်သော တိကျမှန်ကန်သည့်သတင်းအချက်များကို ကြိုတင်သိရှိရန် အထူးလိုအပ်ပါကြောင်း၊ သို့မှသာလျှင် ဘေးအန္တရာယ်ရှိသည်ဟုယူဆရသော ကုန်စ္စည်းများကို ပြည်သူများ၏ လက်ဝယ်သို့မရောက်ခင် ကြိုတင်အချိန်မီကာကွယ်တားဆီးနိုင်မည် ဖြစ်ပါကြောင်းနှင့်မိမိတို့ သက်ဆိုင်ဌာန၏ လမ်းညွှန်ချက်များကို စဉ်ဆက်မပြတ် ပူးပေါင်းလိုက်နာဆောင်ရွက်သွားကြစေလိုကြောင်းနှင့်စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့်အကျိုးစီးပွားကို ရှေးရှုပြီးစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ကြစေလိုကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
DOCA(Chin)