Main menu

ဧရာဝတီတိုင်ဒေသကြီး၏ပြည်ပပို့ကုန် သီဟိုဠ်ဈေးကွက် ယခုနှစ်အမြင့်ဈေးရရှိပြီး တောင်သူများတွက်ခြေကိုက်လျက်ရှိ

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသထွက်ကုန်တစ်မျိုးဖြစ်ပြီးရာသီသီးနှံတစ်ဖြစ်လဲ  ပြည်ပပို့ကုန်သီဟိုဠ်ဈေးကွက်သည် ဖေဖော်ဝါရီလ၊ တတိယအပတ်မှစတင်၍ ဈေးကွက်အတွင်းသို့ဝင်ရောက်လျက်ရှိပြီး  မတ်လပိုင်းဆိုလျှင် သီဟိုဠ်လှိုင်လှိုင်ပေါ်သည့်ရာသီဖြစ်ကြောင်း၊ သီဟိုဠ်ရာသီမှာမိုးမရွာခင်အချိန်အထိ ဈေးကွက်အတွင်းအရောင်းအဝယ်ဖြစ်၍ မေလ၊ ဇွန်လများတွင် မိုးရွာသွန်းပါက သီဟိုဠ်စေ့မှာမိုးမိပါက  ရေဝင်ပြီးအသီးမှာမဲသွားသည့်အတွက် ဈေးကွက်တွင်အရောင်းအဝယ်မဖြစ်တော့ဘဲ သီဟိုဠ်ရာသီကုန်ဆုံးသွားကြောင်း ဈေးကွက်မှသိရှိရသည်။

          တိုင်းဒေသကြီးအတွင်း သီဟိုဠ်စိုက်ဧက (၆၅၀၀၀) ခန့်ရှိပြီးမြောင်းမြခရိုင်၊ ဟင်္သာတခရိုင်နှင့်လပွတ္တာခရိုင်အပါအဝင်ပုသိမ်ခရိုင်၊ပုသိမ်မြို့နယ်၊ သာပေါင်းမြို့နယ် ၊ ငပုတောမြို့နယ်နှင့် ပင်လယ်ကမ်းခြေ၊ချောင်းသာ၊ ငွေဆောင်ဒေသများတွင်လည်း စိုက်ပျိုးလျက်ရှိပါကြောင်း၊ ပုသိမ်မြို့ပေါ်တွင် သီဟိုဠ်စေ့ကုန်ကြမ်းဝယ်ယူသည့်ဒိုင်များမှ ရန်ကုန်သို့တင်ပို့၍ ရန်ကုန်မှတဆင့် ကုန်ချောများပြုလုပ်ကာ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း အဝယ်ဒိုင်များမှသိရှိရသည်။

          ယခင်နှစ် သီဟိုဠ်ပေါ်ချိန် ၁ပိဿာ (၃၂၀ဝိ/- ၃၃၀ဝိ/-)ကျပ် ဈေးနှုန်းသာရှိသော်လည်း ယခုနှစ်တွင် သီဟိုဠ် ၁ပိဿာ (၁၀၀၀ိ/-) ကျပ် ကျော် ဈေးနှုန်းမြင့်တက်၍ ယခုနှစ်သီဟိုဠ် ၁ပိဿာကျပ် (၄၂၀ဝိ/-၄၃၀ဝိ/-)အတွင်း အရောင်းအဝယ်ဖြစ်လျက် တောင်သူများယခင်နှစ်ထက် ဈေးပိုရရှိ၍ တွက်ချေကိုက်လျက်ရှိပါကြောင်းနှင့်အချို့မြို့နယ်များတွင် သီဟိုဠ်အရည်အသွေးကွာခြားမှုပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုရှိနိုင်ကြောင်း မြို့ပေါ်ရှိ သီဟိုဠ်အဝယ်ဒိုင်များမှ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)