ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ မြို့နယ်တာဝန်ခံသည် (၁၇-၂-၂၀၂၃) ရက်နေ့ နံနက်(၀၈:၀၀) နာရီအချိန်တွင် နတ်မော်ကျေးရွာ၊ နတ်မော် အ-ထ-က ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းအတွင်း ရောင်းချနေသောမြန်မာလက်လုပ်မုန့်များ သန့်ရှင်းလက်ဆက်မှုရှိစေရေးနှင့် လေဖောင်းမုန့်များ၊ ဖျော်ရည်ဗူးများစသည့် အသင့်စားမုန့်များ၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအရ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြပါရှိသည့် ကုန်ပစ္စည်းကိုသာ စားသုံးသူများလက်ဝယ်အရောက် ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ဖြန့်ဖြူးရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များ၊ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များနှင့် စားသုံးသူရေးရာဦးစီးဌာနက ဆောင်ရွက်နေသည့်လုပ်ငန်းများအကြောင်းတို့ကို သိရှိနားလည်စေရန် အသိပညာပေး ဆွေးနွေးခဲ့ကာ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)