Main menu

ဆိပ်ဖြူ ကုန်စည်ဒိုင်ကြက်သွန်နီ ဖေဖော်ဝါရီလ(တတိယ)ပတ်အတွင်း ဈေးကွက်အခြေအနေ

Powered by Drupal

    ဆိပ်ဖြူမြို့ ကြက်သွန်နီအရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်သို့ ဖေဖော်ဝါရီလ(၁၅) ရက် မှ (၂၁)ရက်ထိ (တတိယ)ပတ်အတွင်း ကြက်သွန်နီပင်စိုက်(အသစ်)များ တစ်ရက်လျှင် ပျမ်းမျှ ကြက်သွန်နီ ကုန်ချိန်ပိဿာ(၃)သောင်းခန့်၊ (၁)ပတ်အတွင်း စုစုပေါင်းပိဿာ(၂)သိန်းခန့် ကုန်စည်ဒိုင်သို့ ဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။

   ယခု(၁)ပတ်အတွင်း ကြက်သွန်နီ(၁)ပိဿာဈေးနှုန်းမှာ အမြင့်ဈေး ထိပ်စ(ရှယ်) ကျပ် (၁၁၀၀ မှ ၁၀၂၅)၊ အလတ်စ ကျပ်(၉၅၀ မှ ၈၅၀)၊ အသေးစ ကျပ်(၈၀၀ မှ  ၇၅၀)ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခင်ဖေဖော်ဝါရီ(ဒုတိယ)ပတ်တွင် ကြက်သွန်နီ ထိပ်စ အမြင့်ဆုံးဈေးမှာ (၁)ပိဿာလျှင် ကျပ်(၁၁၅၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခု(၁)ပတ်တွင် ထိပ်စ(ရှယ်) ကျပ်(၅၀)၊ အလတ်စနှင့် အသေးစတို့မှာ ကျပ်(၅၀)စီခန့် ဈေးနှုန်းကျဆင်းခဲ့ပါသည်။

  ဆိပ်ဖြူမြို့မှ အခြားတိုင်းဒေသကြီးများသို့ စီးဝင်မှုအနေဖြင့် ရန်ကုန်ဘုရင့် နောင်ပွဲရုံ၊ ပြည်မြို့၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နှင့် မော်လမြိုင်မြို့တို့သို့လည်းကောင်း၊ ပြည်ပပို့ကုန်အနေဖြင့် မြဝတီဝယ်လက်မှတဆင့် ဗီယက်နမ်နိုင်ငံ၊ မူဆယ်မြို့မှတဆင့်တရုတ်နိုင်ငံသို့လည်းကောင်း အများဆုံးတင်ပို့လျက်ရှိပြီး ယခု(၁)ပတ်အတွင်း စုစုပေါင်းပျမ်းမျှပိဿာ(၂)သိန်း၊ (၅၇၁၄)အိတ်၊ တန်ချိန်(၁) သောင်းခွဲခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ သိရှိရသည်။

   ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးအတွင်းရှိ ဈေးတန်းများတွင် ကြက်သွန်နီ၏ အရွယ်အစားနှင့် အရည်အသွေးအလိုက် (၁)ပိဿာလျှင် လက်ကားဈေး  (၁၄၀၀ မှ ၅၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စိမ်းရောင်းချသူ ဈေးသည်များမှတစ်ဆင့် သတင်းရရှိပါသည်။

DOCA(မကွေး)