Main menu

အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှု အခြေအနေ

Powered by Drupal

  ‌အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် နှမ်းနက်(စမုံ)(၄၅)ပိဿာဝင် (၁)အိတ်လျှင် ယခင်အပတ်(၁၅.၁.၂၀၂၃)ရက်နေ့တွင် ကျပ်(၂၇၀၀၀၀)ဖြစ်ပြီး ယခုအပတ် (၂၁.၁.၂၀၂၃) ရက်နေ့တွင် ကျပ် (၂၅၀၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀၀)ဈေးလျော့ခဲ့ကြောင်း၊ နှမ်းပြာ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ် (၂၄၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်ကျပ်(၂၃၀၀၀၀)ဖြစ်ပြီး ကျပ်(၁၀၀၀၀)စသည်ဖြင့်အသီးသီး ဈေးလျော့ခဲ့ပါကြောင်း၊ နှမ်းဖြူ (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၂၆၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၆၀၀၀၀)၊ နှမ်းနီ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၂၅၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၅၀၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲခြင်းမရှိပါကြောင်း၊ အရောင်းအဝယ်ပမဏအနေဖြင့် (၄၅)ပိဿာဝင် အိတ်ဖြင့် နှမ်းနက်(စမုံ) (၄၈၀)အိတ်၊ နှမ်းပြာ(၁၇၀)အိတ်၊ နှမ်းဖြူ (၈၅)အိတ်နှင့် နှမ်းနီ (၉၀) အိတ်တို့ အရောင်းအဝယ်ရှိခဲ့ကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

   ပဲမျိုးစုံဈေးကွက်တွင် (၂၀)ပိဿာ(၁)တင်းလျှင် ပဲစဉ်းငုံ(နီ) (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ် (၆၆၅၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၆၅၅၀၀)ဖြစ်၍ ကျပ်(၁၀၀၀)ဈေးလျော့ကျခဲ့ကြောင်း၊ ကုလားပဲ (HL)မှာ (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၆၅၅၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၆၅၀၀၀) ဖြစ်၍ ကျပ်(၅၀၀)ဈေးလျော့ကျခဲ့ကြောင်း၊ ဘိုကိတ်ပြာ(ဆောင်းသစ်)(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၄၆၅၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၄၆၀၀၀)ဖြစ်၍ ကျပ်(၅၀၀)ဈေးလျော့ကျခဲ့ကြောင်း၊ ပဲကြီး (၁) အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၈၄၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၈၂၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀) စသည်ဖြင့် အသီးသီးဈေးလျော့ကျခဲ့ပါကြောင်း၊ ပဲတီစိမ်း (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ် (၅၇၀၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၅၈၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀)ဈေးမြင့်တက်ခဲ့ပါကြောင်း၊ မတ်ပဲ (၁)အိတ်လျှင် ယခင် အပတ်တွင် ကျပ်(၅၉၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၅၉၀၀၀)၊ ကုလားပဲ(မြကြေး)သစ် (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၆၃၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၆၃၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိပါကြောင်းနှင့် အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင် အိတ်ဖြင့် ပဲစဉ်းငုံ(နီ) (၁၁၀၀) အိတ်၊ ကုလားပဲ(HL) (၃၄၀)အိတ်၊ ဘိုကိတ်ပြာ(၁၀၀) အိတ်၊ ပဲကြီး(သစ်) (၂၅၀)အိတ်၊ ပဲတီစိမ်း(၇၃၀)အိတ်၊ မတ်ပဲ(၁၀၀)အိတ်နှင့် ကုလားပဲ(မြကြေး)(သစ်) (၂၂၀)အိတ်တို့ အရောင်းအဝယ် ရှိခဲ့ကြောင်းသိရှိရပါသည်။

   မြေပဲလုံးဆံ(နီ)မှာ တစ်ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၇၁၀၀)ဖြစ်ပြီး ယခုအပတ်တွင်  ကျပ်(၆၉၀၀)ဖြစ်၍ ကျပ်(၂၀၀)ဈေးလျော့ကျခဲ့ကြောင်း၊ မြေပဲလုံးဆံ(ဖြူ)မှာ  ယခင်အပတ်တွင် ကျပ် (၆၄၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၆၃၀၀)ဖြစ်၍ ကျပ်(၁၀၀)ဈေးလျော့ကျခဲ့ကြောင်း၊ မြေပဲတောင့်အစိုမှာ (၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၂၂၅၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၂၀၀၀)ဖြစ်၍ ကျပ်(၅၀၀) အသီးသီးဈေးလျော့ကျပါကြောင်းနှင့် အရောင်းအဝယ်ပမာဏအနေဖြင့် မြေပဲလုံးဆံ(နီ) (၃၀)ပိဿာဝင် အိတ် (၁၃၀)၊ မြေပဲလုံးဆံ (ဖြူ) အိတ်(၂၂၀)နှင့် မြေပဲတောင့်အစို တင်း(၁၃၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရှိခဲ့ရပါသည်။

    ဝါသီးနှံဈေးကွက်မှာလည်း (၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၃၁၅၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၃၂၀၀)ဖြစ်၍ ကျပ်(၅၀)ဈေးမြင့်တက်ခဲ့ပြီး ဝါပိဿာချိန်(၁၈၅၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း အောင်လံကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။

DOCA(မကွေး)