Main menu

တောင်တွင်းကြီးမြို့နယ် သီလကျေးရွာ၌ စိုက်ပျိုးထားသော ပန်းဂေါ်ဖီများအောင်မြင်ဖြစ်ထွန်းလျက်ရှိ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ သီလကျေးရွာ၌ မြေအောက်ရေစုပ်စက်ဖြင့် အသုံးပြု၍ စိုက်ပျိုးထားသော ပန်းဂေါ်ဖီများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရပါသည်။

     ပန်းဂေါ်ဖီကို တန်ဆောင်မုန်းလတွင် စတင်စိုက်ပျိုးပါကြောင်း၊ စိုက်ပျိုးရာတွင်မျိုးမှာ A-75 မျိုးဖြစ်ပြီး မျိုးစေ့တစ်ဗူးလျှင် ကျပ်(၁၂၀၀၀)ပေးဝယ်ရပြီး ပျိုးထောင်ရာတွင် ပျိုးပင်(၇၀၀၀)ကျော်မှ (၁၀၀၀၀)ကြား ရရှိကြောင်း၊ ပထမဦးစွာ အစေ့ကို အရင်ပျိုးထောင်ပြီး ပျိုးသက်တမ်း တစ်လသား အရွယ်တွင် ဘောင်ဆွဲပြီး အကွက်ထဲသို့ ပြောင်းရွှေ့စိုက်ပျိုးရပါကြောင်း၊ စတင်စိုက်ပျိုးပြီး (၁၅)ရက်အကြာ အမြစ်စွဲချိန်တွင် ပထမအကြိမ် ပေါင်းဆွခြင်း၊ မြေဩဇာကျွေးခြင်းများကို ဆောင်ရွက်ရကြောင်း၊ မြေအောက် ရေစုပ်စက်ကို အသုံးပြု၍ (၁၀)ရက်လျှင် (၁)ကြိမ် ရေသွင်းပေးရကြောင်း၊ (၇၅)ရက် အကြာတွင်စတင်ခူးဆွတ်ပြီး (၂)ရက်လျှင်(၁)ကြိမ်ခူးဆွတ်ရကြောင်း၊ (၁)ခါခူးဆွတ်လျှင် ပန်းပွင့်(၅၀၀) ခန့်ရရှိပြီး (၁)လခန့် ခူးဆွတ်ရကြောင်းနှင့် ဈေးကွက်အနေဖြင့် ပန်းဂေါ်ဖီပွင့်(၁)ထုပ်ကို ကျပ်(၃၅၀)ဖြင့် ဖောက်သည်ပေးသွင်းရပြီး တောင်တွင်းကြီးမြို့အပြင် မြို့သစ်၊ နတ်မောက်၊ မကွေး၊ ကျောက်ပန်းတောင်းမြို့နယ်အထိ တင်ပို့ရောင်းချရကြောင်း သီလကျေးရွာမှ ပန်းဂေါ်ဖီစိုက်တောင်သူ ဦးအောင်ကြည်ထံမှ သတင်းရရှိပါသည်။

DOCA(မကွေး)