၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားမြို့ပေါ်ရှိ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ(၂၀)ဦးနှင့် ကျောင်းသား/ကျောင်းသူ(၁၁၀၅)ဦး၊ စုစုပေါင်း(၁၁၂၅)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးကာ ကျောင်းမုန့်စျေးတန်း၌ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ဟောပြောပွဲတွင် လက်ထောက်ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကားပြောပြီး တောင်တွင်းကြီးမြို့ မြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးက စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားများကိုး ဦးစားပေးဖတ်ရှုသင့်ကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုများကို တိုင်ကြားနိုင်ခြင်းများ၊ စားသုံးသူကာကွယ်ရေးအတွက် ဦးစီးဌာန၏ဆောင်ရွက်ချက်များကို ရှင်းလင်းဟောပြောခဲ့ပါသည်။
ထို့အတူ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်ခင်မျိုးဆွေက အားကစားသိပ္ပံအကြောင်းကိုလည်းကောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးဆရာမ ဒေါ်ဝေယံမြင့်က "နွယ်၊ မြက်၊ သစ်ပင် ဆေးဖက်ဝင်"သိကောင်းစရာအကြောင်းကိုလည်းကောင်း ဟောပြောခဲ့ပါသည်။
ဟောပြောပွဲအပြီးတွင် စစ်ဆေးရေးအရာရှိဖြစ်သော မြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေး၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် ကျောင်းကျန်းမာရေးအဖွဲ့တို့သည် ကျောင်းမုန့်စျေးတန်းတွင် ရောင်းချလျက်ရှိသောမုန့်များ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိကို စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)