Main menu

စလင်းမြို့နယ်၊ ရှားတောကျေးရွာ၌ စားတော်ပဲစိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တာဝန်ခံ ဦးဆန်းလင်းမောင်(ဦးစီးမှူး)နှင့် အဖွဲ့သည် (၂၂-၂-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရှားတောကျေးရွာရှိ စားတော်ပဲစိုက်ပျိုးသော တောင်သူ ဦးကျော်ဇင်လတ်နှင့်တွေ့ဆုံ၍ စိုက်ပျိုးထုတ်လုပ်မှုနှင့် ရောင်းဝယ်မှုအခြေအနေများ ကွင်းဆင်းလေ့လာခဲ့ပါသည်။

     တောင်သူအနေဖြင့် ယခင်နှစ်က စားတော်ပဲ(၃)ဧကစိုက်ပျိုးခဲ့သော်လည်း အထွက်နှုန်းလျော့နည်းခဲ့ပြီး အကျိုးအမြတ်ရရှိမှုနည်းခဲ့ပါကြောင်း၊ ယခုနှစ်တွင် စားတော်ပဲ(၂)ဧကစိုက်ပျိုးထားပါကြောင်း၊ စိုက်ပျိုးရာတွင် ဒေသမျိုးများကိုစိုက်ပျိုးပြီး ကြဲပက်စနစ်ကို စိုက်ပျိုးပါကြောင်း၊ စားတော်ပဲကို နှစ်စဉ် နိုဝင်ဘာလ(တတိယ)ပတ်တွင် စိုက်ပျိုးကြရာ (၁)ဧကစိုက်ပျိုးရန် မျိူး(၁)တင်းခန့်ကြဲပက်ရပြီး မြေပြုပြင်ချိန်မှစ၍ စိုက်ပျိုးပြီးသည်အထိ ကျပ်(၁၅၀၀၀၀)ကုန်ကျပါကြောင်း၊ ရေသွင်းခြင်း၊ စိုက်ပျိုးရေးဆေးပက်ဖြန်းခြင်း၊ လုပ်သားခနှင့် သွင်းအားစုအပါအဝင် (၁)ဧကလျှင် ကျပ်(၅)သိန်းကုန်ကျပါကြောင်း၊ စိုက်ပျိုးပြီး (၃)လခန့်အကြာတွင် ရိတ်သိမ်းကြပြီး သီးနှံပေါ်ချိန်စားတော်ပဲ(၁)တင်းလျှင် ကျပ်(၁၁၀၀၀၀)ခန့်ရရှိ၍ အထွက်နှုန်းာ း(၁၀)တင်းထွက်ရှိကာ (၁)ဧကဝင်ငွေမှာ ကျပ်(၁၁၀၀၀၀၀)ရရှိပြီး အကျိုးအမြတ်အားဖြင့် (၁) ဧကလျှင် ပျမ်းမျှအားဖြင့် ကျပ်(၆)သိန်းခန့်ရရှိပါကြောင်း၊ ထွက်ရှိလာသောစားတော်ပဲများကို မြို့ပေါ်ရှိပွဲရုံများသို့ ရောင်းချကြပြီး ယခင်နှစ် စားတော်ပဲမှာ ကျပ်(၈၀၀၀၀)ဈေးနှုန်းသို့ရရှိခဲ့သော်လည်း ယခုနှစ်တွင် စားတော်ပဲစိုက်ရာသီအနေဖြင့် အအေးဓာတ်ပိုမိုရရှိခြင်း၊ ရာသီဥတုကောင်းမွန်ခြင်းတို့အပြင် ပိုးမွှားကျရောက်မှုနည်းပါးခြင်း၊ မှိုရောဂါနည်းပါးခြင်းတို့ကြောင့် အပင်အသေအပျောက်နည်းပါးကာ အထွက်နှုန်းကောင်းမွန်၍ ယခုနှစ်တွင် သီးနှံပေါ်ချိန်၌ စားတော်ပဲဈေး(၁)တင်းလျှင် ကျပ်(၁၁၀၀၀၀)ရရှိကြ၍ ယခင်နှစ်ထက်ဈေးနှုန်းပိုမိုရရှိကာ စားတော်ပဲစိုက်တောင်သူများ အကျိုးအမြတ်ရရှိပါကြောင်း တောင်သူဦးကျော်ဇင်လတ်ထံမှ သိရှိရပါသည်။

DOCA(မကွေး)