Main menu

မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာမဟာဗျူဟာ ရေးဆွဲရေးအစည်းအဝေး ကျင်းပပြုလုပ်

Powered by Drupal

         မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုစီမံကိန်း (MTIP) အား အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာ မဟာဗျူဟာရေးဆွဲရေးလုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ မွန်ပြည်နယ် ပြည်နယ်ဦးစီးမှူးရုံး၌ Video Conferencing ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာမဟာဗျူဟာရေးဆွဲရေးလုပ်ငန်းအဖွဲ့ဥက္ကဌ မွန်ပြည်နယ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော်၊ လုပ်ငန်းအဖွဲ့ဝင်များဖြစ်ကြသော သက်ဆိုင်ရာအစိုးရဌာနများမှ တာဝန်ရှိသူများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာန မွန်ပြည်နယ်ဦးစီးမှူး ဦးခင်အောင်သွင်နှင့် ဦးစီးမှူး ဦးစိုင်းဆိုင်လှိုင်းတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာမဟာဗျူဟာလုပ်ငန်းစီမံချက် ၂၀၂၀-၂၀၂၅ ပါ ကိစ္စရပ်များ၊ လက်ရှိ ဖြစ်ပေါ်လျက်ရှိသည့် Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါကြောင့် လုပ်ငန်းစီမံချက်ပါအချက်အလက်များအား ပြန်လည်ဆန်းစစ်ခြင်းဆိုင်ရာကိစ္စရပ်များ အစရှိသည်တို့ကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

မွန်ပြည်နယ်

စားသုံးသူရေးရာဦး