Main menu

“ချမ်းမြေ့ဝင်း” ဆန်စက်လုပ်ငန်းရှင်နှင့် တွေ့ဆုံအသိပညာပေး

Powered by Drupal

      ၂၀၂၃ ခုနှစ် ၊ ဖေဖေါ်ဝါရီလ(၂၂)ရက်နေ့ နံနက်(၀၉း၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်သည် ကျီကုန်းကျေးရွာရှိ ချမ်းမြေ့ဝင်း ဆန်စက်လုပ်ငန်းရှင်အား တွေ့ဆုံကာ ဆွေးနွေး အသိပညာပေးခြင်းဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဆွေးနွေးမေးမြန်းခဲ့ရာ ဆန်စက်လုပ်ငန်းလည်ပတ်နေမှုအခြေအနေ၊ ရောင်းဝယ်မှု အခြေအနေ၊ တင်ပို့ရောင်းချနေမှုအခြေအနေနှင့် အလုပ်သမားများအား အလုပ်အကိုင်ပေးနိုင်မှု အခြေအနေများအား  မေးမြန်းခဲ့ရာတွင် ယခုအခါကာလတွင် တစ်ရက်လျှင် လှည်း(၄/၅)စီး စပါးတင်း(၁၅၀) ခန့်သာ ကြိတ်ခွဲရပါကြောင်း၊ စားသုံးမည့်သူများကသာ လာရောက်ကြိတ်ခွဲနေပါကြောင်းနှင့် မိမိစက်အနေဖြင့် ယခင်နှစ်ဝယ်ယူထားသည့် စပါးကိုသာ ကြိတ်ခွဲရောင်းချနေရပါကြောင်း၊ အရောင်းသွက်လက်မှုမရှိကြောင်း ယခုလတွင် ဧရာမင်း စပါး (အသစ်)များဈေးတက်နေ၍ ဝယ်ယူကြိတ်ခွဲ ရောင်းချနိုင်ခြင်းမရှိသေးပါကြောင်း၊ စပါးဈေးနှုန်းများအနေဖြင့် ဧရာမင်း စပါး(အသစ်) (၁၆)ပြည် တစ်တင်းလျှင် (၁၇၀၀၀)ကျပ်ထိရှိပါကြောင်း မနောသုခ စပါး(၁၆)ပြည် တစ်တင်းလျှင် (၁၅၀၀၀) ကျပ်ရှိပါကြောင်း၊ ဆန်ဈေးနှုန်းများအနေဖြင့် ဧရာမင်းဆန်(အသစ်)(၁၆)ပြည်တစ်တင်းလျှင် (၄၀၀၀၀) ကျပ်နှင့် (၂၄)ပြည် တစ်အိတ်လျှင် (၆၀၀၀၀) ပေါက်ဈေးရှိပါကြောင်း၊ မနောသုခ ဆန်(အသစ်) (၁၆)ပြည်တစ်တင်းလျှင်(၃၈၇၀၀)ကျပ်နှင့် (၂၄)ပြည် တစ်အိတ်လျှင် (၅၈၀၀၀) ပေါက်ဈေးရှိပါကြောင်း၊ ဧရာမင်းဆန်(အဟောင်း) (၁၆)ပြည် တစ်တင်းလျှင်(၄၆၈၀၀)ကျပ်နှင့် (၂၄)ပြည် တစ်အိတ်လျှင် (၇၀၀၀၀) ပေါက်ဈေးရှိပါကြောင်း၊ မနောသုခ ဆန်ကတော့ အဟောင်းမရှိပါကြောင်းနှင့် မန်းလေးသို့ ပို့ဆောင်ရောင်းချနေသည်မှာလည်း (၁)လကျော်ရှိကာ ရပ်နားထားရပြီး ၊ ဒေသတွင်းတွင်သာ ရောင်းချနေရသော်လည်း အရောင်းမသွက်ကြောင်း ယခုလက်ရှိ အလုပ်သမား (၈)ဦးရှိပြီး အလုပ်အင်အား နည်းနေပါသဖြင့် အလုပ်သမားများ လျှော့ချရန်အစီအစဉ်ရှိနေပါကြောင်း အလုပ်သမားတစ်ဦးလျှင် (၁)ရက် (၆၀၀၀)နှုန်းဖြင့် လပြတ်ရှင်းပေးရပါကြောင်း  ဆန်(၁)တင်း ကြိတ်ခွဲခမှာ(၁၈၀၀)ကျပ် ယူရပါကြောင်း ၊ ဖွဲ(၃)တင်း(၁)အိတ်လျှင်(၉၀၀၀)ကျပ်ပေါက်ဈေး၊ ဆန်ကွဲ (၂၄)ပြည်တစ်အိတ်လျှင် (၃၉၀၀၀)ကျပ်ပေါက်ဈေးရှိကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။

    ထို့နောက် ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်က စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ လိုက်နာရမည့် အချက်အလက်များကို အသေးစိတ် သိရှိနိုင်ပါရန် အသိပညာပေးဆွေးနွေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

DOCA(စစ်ကိုင်း)