Main menu

စစ်တွေမြို့၊ မြို့မဈေး၌ အရောင်းအဝယ်ဖြစ်ပေါ်နေသော ကုန်ဈေးနှုန်းအခြေအနေ

Powered by Drupal

     ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယအပတ်အတွင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မြို့မဈေး၌ ဆန်ဈေးနှုန်းမြင့်တက်လာပြီး စားဖိုဆောင်သီးနှံဈေးနှုန်းများ အနည်းငယ်ကျဆင်းလာကြောင်း ဈေးဆိုင်များအား ကွင်းဆင်းမေးမြန်းမှုအရ သိရှိရပါသည်။

    ဖေဖော်ဝါရီလ ဒုတိယအပတ်တွင် ပေါ်ဆန်း(အသစ်)(ဆန်) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ်(၆၇၀၀၀ မှ ၆၈၀၀၀)အတွင်း၊ ၊ဧည့်မထ(ဆန်) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ်(၅၄၀၀၀ မှ ၅၅၀၀၀)အတွင်း၊ ငစိန်(ဆန်) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ်(၅၁၀၀၀ မှ ၅၂၀၀၀)အတွင်း ဈေးနှုန်းဖြစ်ပေါ်ခဲ့ပြီး စားဖိုဆောင်သီးနှံများဖြစ်သော ကြက်သွန်နီ ၁၀ ပိဿာတစ်အိတ်လျှင် ကျပ်(၁၇၀၀၀ မှ ၁၈၀၀၀)အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း) ၁၀ ပိဿာတစ်အိတ်လျှင် ကျပ်(၇၁၀၀၀ မှ ၇၂၀၀၀)အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်) ၁၀ ပိဿာတစ်အိတ်လျှင် ကျပ်( ၄၉၀၀၀ မှ ၅၀၀၀၀)အတွင်း၊ ချင်းတစ်ပိဿာလျှင် ကျပ် (၂၆၀၀ မှ ၂၈၀၀)အတွင်း၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ်(၁၀၀၀ မှ ၁၂၀၀) အတွင်း၊ ပန်းဂေါ်ဖီ(တစ်ပွင့်)လျှင် ကျပ်(၇၀၀ မှ ၁၀၀၀) အတွင်း၊ ခရမ်းသီး (တစ်ပိဿာ)လျှင် ကျပ်(၁၂၀၀ မှ ၁၃၀၀) အတွင်း လက်ကားဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်ခဲ့ကြောင်း ဆိုင်ခန်းဈေးသည်များနှင့် ပွဲရုံဈေးသည်များထံမှ သိရှိရပါသည်။

   ဖေဖော်ဝါရီလ တတိယအပတ်တွင် ပေါ်ဆန်း(အသစ်)(ဆန်) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ်(၇၂၀၀၀ မှ ၇၄၀၀၀)အတွင်း၊ ဧည့်မထ ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ်(၅၉၀၀၀ မှ ၆၁၀၀၀)အတွင်း၊ ငစိန်(ဆန်) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ်(၅၃၀၀၀ မှ ၅၅၀၀၀)အတွင်း စားဖိုဆောင်သီးနှံများဖြစ်သော ကြက်သွန်နီ ၁၀ ပိဿာတစ်အိတ်လျှင် ကျပ်(၁၆၀၀၀ မှ ၁၇၀၀၀)အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း) ၁၀ ပိဿာတစ်အိတ်လျှင် ကျပ်(၆၉၀၀၀ မှ ၇၁၀၀၀)အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်) ၁၀ ပိဿာတစ်အိတ်လျှင် ကျပ် (၄၆၀၀၀ မှ ၄၈၀၀၀)အတွင်း၊ ချင်းတစ်ပိဿာလျှင် ကျပ်(၂၅၀၀ မှ ၂၆၀၀)အတွင်း၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ်(၈၀၀ မှ ၁၀၀၀) အတွင်း၊ ပန်းဂေါ်ဖီတစ်ပွင့်လျှင် ကျပ်(၆၀၀ မှ ၉၀၀)အတွင်း၊ ခရမ်းသီးတစ်ပိဿာလျှင် ကျပ်(၈၀၀ မှ ၁၀၀၀)အတွင်း လက်ကားဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ဒုတိယအပတ်ထက် ဆန်ဈေးနှုန်းမြင့်တက်မှုဖြစ်ပေါ်ခဲ့ခြင်းမှာ ပေါ်ဆန်း(ဆန်)များကို ပြည်ပနှင့် အရောင်းအဝယ်ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်းနှင့် စားဖိုဆောင်သီးနှံများမှာ  ဈေးနှုန်းအနည်းငယ်ကျဆင်းကာ အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိကြောင်း ဈေးဆိုင်၊ ပွဲရုံများထံမှ သတင်းရရှိပါသည်။

DOCA(ရခိုင်)