Main menu

တရားမဝင်ကုန်သွယ်မှုတားဆီးရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

Powered by Drupal

   (၂၂-၂-၂၀၂၃) ရက်နေ့ နေ့လယ်(၁၁:၀၀)နာရီအချိန်တွင် မောင်တောမြို့နယ် တရားမ၀င်ကုန်သွယ်မှုတိုင်ဖျက်ရေးအထူးအဖွဲ့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်ပြီး မြို့နယ်ရဲတပ်ဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မောင်တောကုန်သည်ကြီးများအသင်းမှ တာ၀န်ရှိသူများပါ၀င်သော ပူးပေါင်းအဖွဲ့သည် မောင်တောမြို့ ကညင်ချောင်းစီးပွားရေးဇုန်တွင် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့မည့်ကုန်စည်များအား တရားမ၀င်ပစ္စည်းများ ပါ၀င်မှု ရှိ/မရှိအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

      မောင်တောမြို့နယ် ကညင်ချောင်းစီးပွားရေးဇုန်က ပို့ကုန်/သွင်းကုန်လုပ်ငန်းများကို ဆောင်ရွက်ရာတွင် တရားမ‌၀င်ကုန်စည်များ၏ အန္တရာယ်နှင့် တရားမ၀င်ကုန်စည်များကြောင့် ဒေသတွင်း ထိခိုက်မှုမရှိစေရေးနှင့် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့မည့်ကုန်စည်များအား ပို့ကုန်လိုင်စင်လျှောက်ထားသည့် အရေအတွက်နှင့် ကိုက်ညီမှုရှိစေရေးတို့အား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)