Main menu

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲစဉ်းငုံ

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေးအတွက် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ ဖေဖော်ဝါရီလ စတုတ္ထပတ်အတွင်း အရောင်းအဝယ် ဖြစ်သည့်သီးနှံနှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများအား ဆက်သွယ်မေးမြန်းခဲ့ပါသည်။

  ရွှေဘိုမြို့ ပဲ၊ နှမ်း ကုန်စည်ဒိုင်တွင် ဒီဇင်ဘာလနောက်ဆုံးပတ်မှစတင်၍ ပဲစဉ်းငုံများ စတင်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဖေဖော်ဝါရီလ စတုတ္ထပတ်အထိ အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း၊ စတုတ္ထပတ်၌ ပဲစဉ်းငုံ တစ်တင်းလျှင် (၆၆၀၀ဝိ/-)ကျပ်ဖြင့် တစ်ရက်လျှင် တင်း(၁၈၀၀)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး တစ်ပတ်အရောင်းအဝယ်ဖြစ်မှုမှာ (၉၀၀၀)တင်း/ (၂၉၄)တန်ဖြစ်ကြောင်း၊ ပဲစဉ်းငုံအနေဖြင့် ယခင်နှစ် ကာလတူတွင် တတိယပတ်အထိသာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး စတုတ္ထပတ်တွင် အရောင်းအဝယ်မရှိတော့ပါကြောင်း၊  ယခင်အပတ်နှင့် ယခုအပတ်အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းနှိုင်းယှဉ်ပါက ပဲစဉ်းငုံတစ်တင်း၏ ယခင်အပတ်ပေါက်ဈေးမှာ (၆၅၆၀ဝိ/-)ကျပ်ရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက်  တစ်တင်းလျှင်(၄၀ဝိ/-)ကျပ် ဈေးပိုခဲ့ပါကြောင်း၊  ယခုအပတ်တွင် ပဲစဉ်းငုံဝင်ရောက်မှုမှာ ယခင်အပတ်နှင့်တူညီပြီး ဝင်ရောက်သမျှ အမြင့်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)