Main menu

မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲသီးနှံနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်း ပြောင်းလဲမှုအခြေအနေ

Powered by Drupal

      မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ်၏ကာလတူဈေးထက် ယခုနှစ်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများမှာ ဈေးပိုကောင်းလျက်ရှိပါကြောင်း မုံရွာကုန်စည်ဒိုင်၏ ဈေးနှုန်းသတင်းများအရ သိရပါသည်။

မတ်ပဲ

      မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဖေ‌ဖော်ဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၀၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဖေ‌ဖော်ဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၅၉၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းခန့် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၃၀ အိတ်မှ ၅၀ အိတ်ခန့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

ပဲစဉ်းငုံ

       မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဖေ‌ဖော်ဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၂၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဖေ‌ဖော်ဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၆၇၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းခွဲ ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၃၀ အိတ်မှ ၅၀ အိတ်ခန့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

ပဲတီစိမ်း

      မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဖေ‌ဖော်ဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၃၆၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဖေ‌ဖော်ဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၅၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းခန့် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၃၀ အိတ်မှ ၅၀ ခန့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

ကုလားပဲ

      မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဖေ‌ဖော်ဝါရီလတွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ် ၃၇၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဖေ‌ဖော်ဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၆၃၅၀၀၊ 929  တစ်တင်းလျှင် ကျပ် ၃၇၃၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဖေ‌ဖော်ဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၆၂၅၀၀၊ ထိုင်ဝမ်တစ်တင်းလျှင် ကျပ် ၃၇၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဖေ‌ဖော်ဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၆၂၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းခွဲကျော်အထိ ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၅၀ အိတ်မှ ၇၀ အိတ်ခန့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

စွန်တာနီ/ပြာ

      မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဖေ‌ဖော်ဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၀၃၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဖေ‌ဖော်ဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၅၄၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်တစ်သောင်းခွဲခန့် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၃၀ အိတ်မှ ၅၀ အိတ်ခန့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

ထောပတ်ပဲ

      မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဖေ‌ဖော်ဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၃၈၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဖေ‌ဖော်ဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၇၄၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် သုံးသောင်းခွဲကျော် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ အိတ်မှ ၃၀ အိတ်ခန့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

အစေ့ထုတ်ပြောင်း

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဖေ‌ဖော်ဝါရီလတွင် ပြောင်းတစ်တင်းလျှင် ကျပ် ၁၄၃၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဖေ‌ဖော်ဝါရီလတွင် ပြောင်းတစ်တင်းလျှင် ကျပ် ၂၀၇၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ခြောက်ထောင်ကျော် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၃၀ အိတ်မှ ၅၀ အိတ်ခန့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

မြေပဲဆံသီးနှံ

    မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဖေ‌ဖော်ဝါရီလတွင် မြေပဲဆံနီတစ်ပိဿာလျှင် ကျပ် ၃၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဖေ‌ဖော်ဝါရီလတွင် တစ်ပိဿာလျှင် ကျပ် ၇၅၅၀၊ မြေပဲဆံဖြူတစ်ပိဿာလျှင် ကျပ် ၃၁၅၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဖေ‌ဖော်ဝါရီလတွင် တစ်ပိဿာလျှင် ကျပ် ၆၃၅၀၊ တစ်ပိဿာလျှင် ကျပ်သုံးထောင်ကျော်မှ ကျပ်လေးထောင်ကျော်အထိ ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ အိတ်မှ ၃၀ အိတ်ခန့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

နှမ်းမျိုးစုံသီးနှံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဖေ‌ဖော်ဝါရီလတွင် နှမ်းနက်တစ်တင်းလျှင် ကျပ် ၆၈၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဖေ‌ဖော်ဝါရီလတွင် တစ်တင်းလျှင် ကျပ် ၉၆၆၀၀၊ နှမ်းဖြူတစ်တင်းလျှင် ကျပ် ၅၅၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဖေ‌ဖော်ဝါရီလတွင် တစ်တင်းလျှင် ကျပ် ၁၀၁၀၀၀၊ နှမ်းညိုတစ်တင်းလျှင် ကျပ် ၄၃၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဖေ‌ဖော်ဝါရီလတွင် တစ်တင်းလျှင် ကျပ် ၈၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်သုံးသောင်းခန့်မှ ကျပ်လေးသောင်းခွဲကျော်အထိ ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၅၀ အိတ်မှ ၇၀ အိတ်ခန့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)