Main menu

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

Powered by Drupal

             စစ်ကိုင်းတိုင်းဒေသကြီး၏ ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူနှင့်ရွှေဘိုခရိုင်များအနေဖြင့် ရွှေဘိုခရိုင်၊ ကလေးခရိုင်၊ ကန့်ဘလူခရိုင်နှင့် မုံရွာခရိုင်တို့တွင် စပါး/ဆန်ဈေး အနည်းငယ်တက်နေပြီး၊ ကျန်ခရိုင်များတွင် ဈေးအေးနေကြောင်းသိရှိရပါသည်။

         စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖေဖော်ဝါရီလ(နောက်ဆုံး)ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း(စပါး) (သစ်) တင်း ၁၀၀လျှင် ကျပ်(၂၁၀၀၀၀၀)၊ ပေါ်ဆန်း(ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင်(၇၅၀၀၀)ကျပ်၊ ဧရာမင်း(စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ်(၁၅၀၀၀၀၀)၊  ဧရာမင်း (ဆန်) (သစ်)  ၂၄ ပြည်ပါ တစ်အိတ် ကျပ်( ၆၅၀၀၀)၊ ရေဦးမြို့မှ ပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် (၂၁၀၀၀၀၀)၊ ပေါ်ဆန်း (ဆန်) (သစ်) တစ်အိတ်လျှင်ကျပ် (၇၀၀၀၀)၊  ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် (၁၄၅၀၀၀၀)၊ ဧရာမင်း (ဆန်)(သစ်)၂၄ ပြည်ပါ တစ်အိတ်လျှင်(၆၀၀၀၀) ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

        ကလေးခရိုင်၊ ကလေးမြို့နယ်တွင် ဧည့်မထ(စပါး)(သစ်) တင်း၁၀၀ လျှင် (၁၄၀၀၀၀၀)၊ ဧည့်မထ (ဆန်)(သစ်)‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် (၅၀၀၀၀)၊ ငစိန်(စပါး)(သစ်)တင်း၁၀၀လျှင် (၁၃၀၀၀၀၀)၊ ငစိန် (ဆန်)(သစ်)၂၄ပြည်ပါ တစ်အိတ်မှာ (၄၅၀၀၀)၊ ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် (၁၆၀၀၀၀၀)၊ ဧရာမင်း(ဆန်)(သစ်)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၆၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

       ကသာခရိုင်၊ အင်းတော်မြို့နယ်တွင် မှော်ဘီ(၂)(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ်(၁၁၀၀၀၀၀)၊ မှော်ဘီ(၂)(သစ်) ဆန် ၂၄ပြည် တစ်အိတ်လျှင် ကျပ် (၆၀၀၀၀)၊ ဆင်းဧကရီ(၃)(စပါး) (သစ်) တင်း၁၀၀ လျှင် ကျပ် (၁၁၀၀၀၀၀)၊ ဆင်းဧကရီ-၃(သစ်) ဆန် ၂၄ပြည်တစ်အိတ်မှာကျပ် (၅၅၀၀၀)၊ ဧရာမင်း (စပါး) (သစ်)တင်း ၁၀၀ လျှင် ကျပ် (၁၄၅၀၀၀၀)၊ ဧရာမင်း(ဆန်)(သစ်) ၂၄ ပြည်ဆန်တစ်အိတ်လျှင် ကျပ် (၇၀၀၀၀) ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

           မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် (၁၈၀၀၀၀၀)၊  ဧရာမင်း (ဆန်) (သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် (၇၅၀၀၀)၊ ပေါ်ဆန်း (စပါး) (သစ်) တင်း ၁၀၀ လျှင် ကျပ် (၂၁၀၀၀၀၀)၊  ဧရာမင်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် (၇၅၀၀၀)၊ မနောသုခ(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် (၁၃၀၀၀၀၀)၊ မနောသုခ (ဆန်)(သစ်)၂၄ ပြည် တစ်အိတ်လျှင် ကျပ် (၅၅၀၀၀) ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

         ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဧရာမင်း(စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် (၁၇၀၀၀၀၀)၊  ဧရာ မင်း(ဆန်)(သစ်)၂၄ပြည် တစ်အိတ်မှာ ကျပ် (၆၅၀၀၀)၊ ပေါ်ဆန်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် (၂၀၀၀၀၀၀)၊ ပေါ်ဆန်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် (၇၀၀၀၀) ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

       စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဖေဖော်ဝါရီလ (စတုတ္တ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့အိတ်ရေ (၄၇၀၀၀)၊ မန္တလေး သို့ အိတ်ရေ ၉၄၇၄၀၊ မကွေး သို့ အိတ်ရေ ၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၁၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း(မြောက်)သို့အိတ်ရေ ၁၀၀၀၀၊ ကချင်သို့ အိတ်ရေ ၁၂၀၀၀၊ စုစုပေါင်းအိတ်ရေ (၁၈၅၃၄၀)အိတ်၊ တန်အားဖြင့် (၉၂၆၇)စီးထွက်ခဲ့ပြီး၊ ယခု ဖေဖော်ဝါရီလ (နောက်ဆုံး)ပတ်တွင် စစ်ကိုင်း တိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၄၀၀၀၊ မန္တလေး သို့ အိတ်ရေ ၇၇၇၂၀၊ မကွေး သို့ အိတ်ရေ ၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၂၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း(မြောက်)သို့အိတ်ရေ ၁၀၀၀၀၊ ကချင်သို့ အိတ်ရေ ၅၀၀၀၊ စုစုပေါင်းအိတ်ရေ (၁၅၉၃၂၀)အိတ်၊ တန်အားဖြင့် (၇၉၆၆)စီးထွက်ခဲ့သည့်အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ် လျှင် ယခုပတ်တွင် အိတ်ရေ (၂၆၀၂၀၀) တန်အားဖြင့် (၁၃၀၁) လျော့နည်းစီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)