Main menu

တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

         တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာ ထားချက်မှာပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(၇၀.၀၀၀)၊ သွင်းကုန်ပမာဏ အမေရိကန် ဒေါ်လာသန်းပေါင်း(၃.၀၀၀)၊  စုစုပေါင်း ကုန်သွယ်မှုပမာဏအမေရိကန်ဒေါ်လာ သန်း(၇၃.၀၀၀)ဖြစ်ပါသည်။ တမူး နယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့ကုန်သွယ်မှုအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဧပြီလမှ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ အထိ(၁၀)လတာကာလအတွင်း ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(၈.၈၆၇)၊ သွင်း ကုန်ပမာဏအမေရိကန်ဒေါ်လာသန်း(၅.၀၇၀)၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ(၁၃.၇၅၇)ဆောင်ရွက် နိုင်ခဲ့ပါသည်။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၄)ရက်နေ့အထိ ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း (၀.၇၆၇)၊ သွင်းကုန်ပမာဏအမေရိကန်ဒေါ်လာသန်း(၀.၁၈၈) စုစုပေါင်း ကုန်သွယ်မှုပမာဏအမေရိ ကန်ဒေါ်လာသန်း(၀.၉၅၅) ဆောင်ရွက်နိုင်ခဲ့သည့်အတွက် (၁၁)လတာကာလအတွင်း စုစုပေါင်း ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(၉.၄၅၄)၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(၅.၂၅၈)၊ ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာသန်း (၁၄.၇၁၂)ဖြစ်၍ (၁)နှစ်စာ လျာထားချက်အပေါ်  (၂၀.၁၅၃)% ဆောင်ရွက်နိုင်ခဲ့ပြီး၊၂၀၂၂ ခုနှစ်၊ ဧပြီလမှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄)ရက်နေ့အထိ (၁၁)လတာ လျာထားချက်အပေါ် (၂၂.၉၈၈)% ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း တမူးနယ်စပ် ကုန်သွယ်ရေးစခန်း၏စာရင်းများအရ သိရပါသည်။

          အများဆုံးပို့ကုန်များအနေဖြင့် ကွမ်းသီး၊ မက်မန်းသီး၊ မြေပဲဆံ၊ ကြက်သွန်နီ၊ နန့်ဖာလုံ ကုန်စုံ၊ ငရုတ်ကောင်းနှင့်စီးကရက်(အမျိုးမျိုး)တို့ဖြစ်ပြီး သွင်းကုန်များအနေဖြင့် ဓါတ်မြေဩဇာနှင့်ဆံပင်တို့ ဖြစ်ကြောင်း သိရှိရပါသည်။

         တမူးကုန်သွယ်ရေးစခန်းအနေဖြင့် ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်)၏ ညွှန်ကြားချက်များနှင့်အညီကုန်သွယ်မှုတွင် ကြုံတွေ့နေရသော အခက်အခဲများအား ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်)သို့အချိန်နှင့်တပြေးညီတင်ပြခြင်း၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ OSS ဌာနဆိုင်ရာများ၊ ကုန်သည်အသင်းအဖွဲ့များ၊ ကုမ္ပဏီလုပ်ငန်းများနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခြင်းများဖြင့် ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးနှင့်ကုန်သွယ်မှုလျာထားချက် ပြည့်မှီစေရေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)