Main menu

အောင်လံမြိုနယ်၏ သိပ္ပံနှမ်းနက်(ခေါ်) စမုံနက်သီးနှံဈေးနှုန်း၊ ဈေးကွက်အခြေအနေ

Powered by Drupal

    ၂၀၂၂- ၂၀၂၃ အောင်လံမြို့နယ်၏ နှမ်းသီးနှံလျာထားစိုက်ဧက (၅၈၇၉၆)ဧကတွင် (၅၈၈၀၉)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး နှမ်းသီးနှံများ၏ သိပ္ပံနှမ်းနက်စိုက်ဧကမှာ စိုက်ပျိုးမှု၏ (၈၀)ရာခိုင်နှုန်းခန့်ရှိပြီး (၁)ဧကလျှင် အထွက်နှုန်းမှာ(၆.၅၉)တင်းထွက်ရှိခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။

  ၂၀၂၂-ခုနှစ် ဩဂုတ်လ (၁၅)ရက်မှ စတင်ရိတ်သိမ်းခဲ့ပြီး စက်တင်ဘာလတွင် နှမ်းအထွက်စုံခဲ့ကြောင်း၊ အောက်တိုဘာနှင့် ဒီဇင်ဘာလတွင် မြို့ပေါ်ကုန်စည်ဒိုင်၌ ပုံမှန်အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း၊ ယခုနှစ် မန္တလေးဈေးကွက် (တရုတ်ဝယ်လက်) အများစုမှာ ဈေးကွက်ဦးဆောင်ပြီး ဝယ်ယူနိုင်ခဲ့သော်လည်း ရန်ကုန် Companyများမှ ဂျပန်ဝယ်ယူလိုမှုအားနည်းခြင်းကြောင့်လည်းကောင်း၊ ဈေးနှုန်းညှိနှိုင်းမှုအခြေအနေများ ကြောင့်လည်းကောင်း၊ အဝယ်နည်းပါးခဲ့သော်လည်း ရန်ကုန်ဝယ်လက်ဖြစ်သော တိုးတက်လင်း၊ အောင်ကျွန်းသာ၊ ပြည့်ဖြိုးအောင်၊ ငါးသုံးကောင်၊ First Top Companyများမှ အဝယ်ရှိနေခဲ့ပါကြောင်း၊ နှမ်းသီးနှံစတင် အရောင်းအဝယ်ဖြစ်ခဲ့သည့် ၂၀၂၂-ခုနှစ် စက်တင်ဘာလတွင် သိပ္ပံနှမ်းနက်(ခေါ်)စမုံနက် ဈေးနှုန်းမှာ (၄၅)ပိဿာ (၁)အိတ်လျှင် ကျပ်(၂၈၀၀၀၀မှ ၂၉၀၀၀၀)၊ အောက်တိုဘာလတွင် ကျပ်(၂၇၀၀၀၀မှ ၂၈၀၀၀၀)၊ နိုဝင်ဘာလတွင် ကျပ်(၂၅၀၀၀၀မှ ၂၇၀၀၀၀)၊ ဒီဇင်ဘာလတွင် ကျပ်(၂၃၀၀၀၀မှ ၂၅၀၀၀၀)များ ဖြစ်ခဲ့ပြီး၊ ၂၀၂၃ခုနှစ် ဇန်နဝါရီလတွင် အနိမ့်ဆုံး ကျပ်(၂၄၀၀၀၀)မှ  အမြင့်ဆုံး ကျပ်(၂၉၀၀၀၀)၊ ဖေဖော်ဝါရီလတွင် ကျပ်(၂၇၀၀၀၀မှ ၂၉၀၀၀၀)ဖြင့် ဈေးတည်ငြိမ်လျက်ရှိကြောင်း၊ ယခုဖေဖော်ဝါရီလတွင် မန္တလေးဈေးကွက်သို့ (၂၅)ပိဿာဝင်အိတ် (၂)သိန်းခန့်နှင့် ရန်ကုန်ဝယ်လက်သို့ နှမ်းအိတ်(၂၅)ပိဿာဝင် အိတ်(၉)သောင်းခန့် တင်ပို့ရောင်းချခဲ့မှုများရှိနေကြောင်း ကုန်သည်ပွဲစားများထံမှ သိရှိရပါသည်။

DOCA(မကွေး)