Main menu

စစ်တွေမြို့ မြို့မဈေး၌အရောင်းအဝယ်ဖြစ်ပေါ်နေသော ကုန်ဈေးနှုန်းအခြေအနေ

Powered by Drupal

              ၂၀၂၃ ခုနှစ် မတ်လ ပထမပတ်အတွင်း ရခိုင်ပြည်နယ်စစ်တွေမြို့ ၊ မြို့မဈေး၌ ဈေးဆိုင်များအား ကွင်းဆင်းမေးမြန်းမှုအရ ဆန်ဈေးနှုန်း၊ စားဖိုဆောင်သီးနှံဈေးနှုန်းများ အနည်းငယ်ကျဆင်းလာကြောင်း သိရှိရပါသည်။  

             ဖေဖော်ဝါရီလ တတိယအပတ်တွင် ပေါ်ဆန်း(အသစ်)ဆန် ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ်(၇၂၀၀၀ မှ ၇၄၀၀၀)၊ ၊ဧည့်မထ ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်(၅၉၀၀၀ မှ ၆၁၀၀၀)၊ငစိန် ၂၄ ပြည်ပါတစ်အိတ်လျှင်ကျပ်(၅၃၀၀၀ မှ ၅၅၀၀၀)အတွင်း စားဖိုဆောင်သီးနှံများဖြစ်သော ကြက်သွန်နီ ၁၀ ပိဿာ တစ်အိတ်လျှင် ကျပ် (၁၆၀၀၀ မှ ၁၇၀၀၀)အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း) ၁၀ ပိဿာ တစ်အိတ် ကျပ်(၆၉၀၀၀ မှ ၇၁၀၀၀)အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်) ၁၀ ပိဿာ တစ်အိတ် ကျပ် (၄၆၀၀၀ မှ ၄၈၀၀၀)၊ ဂျင်း တစ်ပိဿာ ကျပ် (၂၅၀၀ မှ ၂၆၀၀)အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်) ကျပ် (၈၀၀ မှ ၁၀၀၀) အတွင်း၊ ပန်းဂေါ်ဖီ (တစ်ပွင့်) ကျပ် (၆၀၀ မှ ၉၀၀) အတွင်း၊ ခရမ်းသီး (တစ်ပိဿာ) ကျပ် (၈၀၀ မှ ၁၀၀၀) အတွင်း လက်ကားဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်ခဲ့ကြောင်း ဆိုင်ခန်းဈေးသည်များနှင့်ပွဲရုံဈေးသည်များထံမှ သိရှိရပါသည်။

          မတ်လပထမပတ်အတွင်း ပေါ်ဆန်း(အသစ်)ဆန် ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ်(၇၀၀၀၀ မှ ၇၂၀၀၀)၊ ဧည့်မထ ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်(၅၈၀၀၀ မှ ၆၀၀၀၀) ၊ ငစိန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်(၅၂၀၀၀ မှ ၅၄၀၀၀)အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း) ၁၀ ပိဿာ တစ်အိတ် ကျပ်(၆၇၀၀၀ မှ ၆၈၀၀၀)အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်) ၁၀ ပိဿာ တစ်အိတ် ကျပ် (၄၃၀၀၀ မှ ၄၄၀၀၀)၊ ဂျင်း တစ်ပိဿာ ကျပ် (၂၂၀၀ မှ ၂၃၀၀)အတွင်း၊ ငရုတ်သီးခြောက်(အိန္ဒိယ) တစ်ပိဿာ ကျပ် (၁၃၀၀၀ မှ ၁၄၀၀၀) အတွင်း၊ ငရုတ်သီးခြောက်(ဒေသထွက်) တစ်ပိဿာကျပ်(၂၀၀၀၀ မှ ၂၂၀၀၀) အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်) ကျပ် (၆၀၀ မှ ၈၀၀) အတွင်း၊ ပန်းဂေါ်ဖီ (တစ်ပွင့်) ကျပ် (၅၀၀ မှ ၇၀၀) အတွင်း၊ ခရမ်းသီး (တစ်ပိဿာ) ကျပ် (၅၀၀ မှ ၇၀၀) အတွင်း၊ ခရမ်းချဉ်သီး တစ်ပိဿာကျပ်( ၈၀၀ မှ ၁၀၀၀) အတွင်း လက်ကားဈေးတို့ဖြင့် အရောင်းအဝယ် ဖြစ်ပေါ်လျက် ရှိပါသည်။ ဖေဖော်ဝါရီလ နောက်ဆုံးပတ်ထက်  ဈေးနှုန်းအနည်းငယ်ကျဆင်းကာ အရောင်းအဝယ် ဖြစ်ပေါ်လျက်ရှိကြောင်း ဈေးဆိုင်၊ ပွဲရုံများထံမှ သတင်းရရှိပါသည်။

DOCA(ရခိုင်)