လွိုင်ကော်မြို့ဈေးကွက်အတွင်း အခြေခံစားသောက်ကုန်များသည် အခြားဒေသမှ ဝင်ရောက်လျက်ရှိပြီး အခြေခံစားသောက်ကုန်တစ်မျိုးဖြစ်သည့် ကြက်ဥကို တောင်ကြီးဘက်မှ အများဆုံးဝင်ရောက်လျက်ရှိပါသည်။ ယခုလက်ရှိ မတ်လပထမပတ်တွင်ဖြစ်ပေါ်နေသော ကြက်ဥဈေးနှုန်းမှာ ကြက်ဥအလုံးကြီးတစ်လုံးလျှင် (၂၃၀) ကျပ်၊ အလုံးသေးတစ်လုံးလျှင် (၂၂၀) ကျပ်၊ ယခင်ဖေဖော်ဝါရီလပထမပတ်တွင်လည်း ကြက်ဥအလုံးကြီးတစ်လုံးလျှင် (၂၃၀) ကျပ်၊ အလုံးသေးတစ်လုံးလျှင် (၂၂၀) ကျပ်သာရှိခဲ့ပြီး ယခင်ဖေဖော်ဝါရီလပထမပတ်နှင့် ယခုမတ်လပထမပတ်ဈေးနှုန်းကို နှိုင်းယှဉ်ကြည့်လျှင် ဈေးနှုန်းတည်ငြိမ်လျက်ရှိနေကြောင်း နောင်ယားဈေးအတွင်းရှိ ကြက်ဥရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(ကယား)