မရမ်းပင်ကို အင်္ဂလိပ်အခေါ်အဝေါ်အရ (MARIANTREE)ဟု ခေါ်ဆိုကြသည်။ မရမ်းပင်သည် အပင်ကြီးအမျိုးအစားထဲတွင်ပါဝင်ပြီး အမြင့်( ၄ )စင်တီမီတာမှ (၇)စင်တီမီတာအထိ ရှိတတ်ပါသည်။ မရမ်းသီးတွင် အချိုအရသာနှင့်အချဉ်အရသာဟူ၍ (၂) မျိုးရှိပါသည်။ မရမ်းသီးပင်များသည် ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် စိုက်ပျိုးဖြစ်ထွန်းကြပါသည်။ မရမ်းသီးသည် ဇန်နဝါရီလလောက်တွင် စတင်ရောင်းချနိုင်ပြီး မတ်လကုန်လောက်တွင် သီးနှံဝင်ရောက်မှု နည်းသွားပါသည်။ ယခုလက်ရှိ မတ်လပထမပတ်တွင် ရောင်းချနေသောမရမ်းသီးဈေးနှုန်းမှာ မရမ်းသီးတစ်ပိဿာလျှင် ၁၆၀၀၀ကျပ်မှ ၃၂၀၀၀ကျပ်အထိ ဈေးကောင်းရလျက်ရှိပြီး အလုံးအကြီးအသေးပေါ်မှုတည်၍ ဈေးနှုန်းကွာခြားမှုရှိသည်ဟု နောင်ယားဈေးအတွင်းရှိ မရမ်းသီးရောင်းချနေသူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(ကယား)