Main menu

ဈေးကွက်သို့ ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်သော ကုလားပဲ

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ် တင်ပြလျက်ရှိပါသည်။ မတ်လ ပထမပတ်အတွင်း ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်သည့် သီးနှံများကို တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သိရှိရပါသည်။

     ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များတွင် စိုက်ပျိုးထားသော ကုလားပဲများမှာ ဖေဖော်ဝါရီလ တတိယပတ်အတွင်းမှစတင်၍ ရွှေဘိုဈေးကွက်သို့ ဝင်ရောက်လာပြီး မတ်လပထမပတ်အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ရွှေဘိုဈေးကွက်သို့ မူးမြစ်ဝှမ်းဒေသများဖြစ်သည့် ဝက်လက်မြို့နယ် နှင့်ရွှေဘိုမြို့နယ်အနောက်ဘက်ခြမ်းရှိ ကျေးရွာများမှ အများဆုံးဝင်ရောက်လျက်ရှိပြီး  မတ်လပထမပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ တစ်တင်းလျှင်(၆၂၃၀ဝိ/-)ကျပ်ဖြစ်၍ အရောင်းအဝယ်ဖြစ်မှုမှာ (၂၂၅)တင်း/(၇)တန်ဖြစ်ကြောင်း၊ ကုလာပဲသီးနှံအနေဖြင့် ယခင်နှစ်ကာလတူတွင် အရောင်းအဝယ်ဖြစ်ခြင်း မရှိဘဲ ယခင်အပတ်နှင့်ယခုအပတ် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းနှိုင်းယှဉ်ပါက ယခင်အပတ်၌ ကုလားပဲ တစ်တင်းလျှင် (၆၂၃၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် ယခင်အပတ်နှင့်ယခုအပတ် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊ ယခုအချိန်တွင် ကုန်သည်အများစုအနေဖြင့် ဝယ်ယူရရှိသည့် ကုလားပဲများကို ဝယ်ယူသည့်ဈေးနှုန်းနှင့် တွက်ခြေကိုက်ပါက မန္တလေးဈေးကွက်နှင့် မုံရွာဈေးကွက်သို့ ပြန်လည်ရောင်းချကြကြောင်းနှင့် ယခုအပတ်တွင် သိုလှောင်မှုနည်းပါးပြီး ရောက်သည်နှင့်ရောင်းချမှု အများဆုံးပြုလုပ်ကြပါကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)