Main menu

နာနတ်သီး ဈေးနှုန်းဈေးကွက်

Powered by Drupal

      ရွှေဘိုမြို့၊ စည်ပင်သာယာဈေးအတွင်းနှင့် ဈေးအနီးရှိ  သစ်သီးမျိုးစုံရောင်းချသောပွဲရုံများနှင့် သစ်သီးဆိုင်များတွင် ၂၀၂၃ခုနှစ်၊ ယခုမတ်လ ဒုတိယပတ်တွင် ရှမ်းပြည်နယ် သီပေါမြို့မှလာသော နာနတ်သီးများနှင့် မန္တလေးပွဲရုံများမှ မှာယူရောင်းချသည့် နာနတ်သီးများ ဝင်ရောက်လျက်ရှိပြီး၊ နာနတ်သီးအကြီးတစ်လုံးလျှင် (၁၀၀၀) ကျပ်၊ အလတ်တစ်လုံးလျှင် (၇၀၀) ကျပ်၊ အသေးတစ်လုံးလျှင် (၅၀၀) ကျပ်တို့ဖြင့် ပုံမှန်သာအရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     နေ့စဉ် သစ်သီးပွဲရုံများသို့ နာနတ်သီးအလုံး (၃၀၀) လုံးခန့်ဝင်ရောက်လျက်ရှိပြီး၊ ဝင်ရောက်လာသောအသီးများကို လက်လီရောင်းချသောသစ်သီးဆိုင်များ၊ တွန်းလှည်းဖြင့် လှည့်လည်ရောင်းချသောဈေးသည်များ၊ သစ်သီးဖျော်ရည်ဆိုင်များအား  ရောင်းချလျက်ရှိကြောင်း စည်ပင်သာယာဈေးအနီးရှိ သစ်သီးပွဲရုံတစ်ခုထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)