Main menu

စားသုံးဆီဈေးများ အနည်းငယ်ကျဆင်း

Powered by Drupal

   စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ်မေးမြန်းတင်ပြလျက်ရှိရာ ရွှေဘိုမြို့တွင် စားသုံးဆီဈေးနှုန်းများ အနည်းငယ်ကျဆင်းလျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှ သိရှိရပါသည်။

       ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကား ရောင်းချသောဆိုင် (၁၂)ဆိုင်ရှိပြီး ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် စားအုန်းဆီ တစ်ပိဿာလျှင် (၇၄၅၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၃၅၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခု မတ်လ ပထမပတ်တွင် စားအုန်းဆီ တစ်ပိဿာလျှင် (၆၇၅၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသဖြင့် ယခင်ပတ်နှင့် ယခုပတ် စားသုံးဆီ တစ်ပိဿာဈေးနှုန်း နှိုင်းယှဉ်ကြည့်ပါက စားအုန်းဆီ တစ်ပိဿာလျှင် (၇၀၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာလျှင် (၅၀၀)ကျပ်ဖြင့် အသီးသီး ဈေးနှုန်း အနည်းငယ် ကျဆင်းလျက်ရှိပြီး နှမ်းဆီသန့်ဈေးနှုန်းမှာ ယခင်ပတ်နည်းတူ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း  စားသုံးဆီလက်ကားဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)