Main menu

သံဖြူဇရပ်မြို့တွင် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် MSME Talk Show စကားဝိုင်းဆွေးနွေးပွဲ

Powered by Drupal

    မွန်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  MSME Talk Show စကားဝိုင်းဆွေးနွေးပွဲကို ၆-၃-၂၀၂၃ ရက်နေ့တွင် သံဖြူဇရပ်မြို့၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မွန်လုပ်ငန်းရှင်အသင်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

    အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် Moderator အဖြစ် မော်လမြိုင်ပညာရေးကောလိပ်ရှိ ကျောင်းအုပ်ဆရာမကြီးက ဆောင်ရွက်ခဲ့ကာ မွန်ပြည်နယ်ပညာရေးမှူး ဒေါ်ချိုချိုမြတ်အောင်က လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသက်မွေးပညာကျောင်းများ ဖွင့်လှစ်ဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍လည်းကောင်း၊ မော်လမြိုင်နည်းပညာတက္ကသိုလ်ပါမောက္ခ ဒေါက်တာမင်းဇော်အောင်က လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာကဏ္ဍနှင့်ပတ်သက်၍လည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍လည်းကောင်း၊ သမဝါယမဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက သမဝါယမအသင်းကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း၊ မွန်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းအတွင်းရေးမှူး ဦးနေဇော်အောင်က အသင်းဖွဲ့စည်းဆောင်ရွက်ထားရှိမှုအခြေအနေ၊ အသင်းအနေဖြင့် ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

  ဆွေးနွေးမေးမြန်းမှုကဏ္ဍတွင် တရားမဝင်ကုန်သွယ်မှုတားဆီးရေးနှင့်ပတ်သက်၍ မေးမြန်းခြင်းအား စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)