Main menu

ဈေးငြိမ်နေသော်လည်း အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ကုလားပဲ

Powered by Drupal

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကို အပတ်စဉ်၊ လစဉ် တင်ပြလျက်ရှိပါသည်။ ၂၀၂၃ခုနှစ်၊ မတ်လ၊ ဒုတိယပတ်အတွင်း ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်သည့် သီးနှံများကို တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သိရှိရပါသည်။

       ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များတွင် စိုက်ပျိုးထားသော ကုလားပဲများမှာ ဖေဖော်ဝါရီလ၊ တတိယပတ်အတွင်းမှစတင်၍ ရွှေဘိုဈေးကွက်သို့ ဝင်ရောက်လာပြီး မတ်လ၊ ဒုတိယပတ်အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ရွှေဘိုဈေးကွက်သို့ မူးမြစ်ဝှမ်းဒေသများဖြစ်သည့် ဝက်လက်မြို့နယ် နှင့်ရွှေဘိုမြို့နယ်အနောက်ဘက်ခြမ်းရှိ ကျေးရွာများမှ အများဆုံးဝင်ရောက်လျက်ရှိပါသည်။  မတ်လ ဒုတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ တစ်တင်းလျှင်(၆၂၃၀ဝိ/-)ကျပ်ဖြစ်၍ အရောင်းအဝယ်ဖြစ်မှုမှာ (၇၅၀)တင်း/(၂၃)တန်ဖြစ်ကြောင်း၊ ကုလားပဲသီးနှံအနေဖြင့် ယခင်နှစ်ကာလတူတွင် အရောင်းအဝယ်ဖြစ်ခြင်းမရှိဘဲ ယခင်အပတ်နှင့်ယခုအပတ် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့အား နှိုင်းယှဉ်ပါက ယခင်အပတ်၌ ကုလားပဲတစ်တင်းလျှင် (၆၂၃၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခင်အပတ်နှင့် ယခုအပတ် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေသော်လည်း အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သတင်းရရှိပါသည်။

ရွှေဘို(DOCA)