စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ ကလေးမြို့၊ ပင်လုံရပ်ကွက်အတွင်းရှိ အလှကုန်ဆိုင် ( ၃ ) ဆိုင်အား ၁၃-၃-၂၀၂၃ ရက်နေ့က စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးမှဦးဆောင်၍ ဝန်ထမ်း ( ၃ )ဦးတို့သည် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများအသုံးပြုနေသည့် အလှကုန်ပစ္စည်းများအား ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် လုံခြုံစိတ်ချမှုရှိသောကုန်စည်များာကိုး အသုံးပြုနိုင်ရန်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက သုံးစွဲရန်မသင့်ကြေငြာထားသော အလှကုန်ပစ္စည်းများ ရောင်းချခြင်းရှိ/မရှိနှင့် သက်တမ်းလွန်နေသည့်အလှကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိတို့ကို သွားရောက်စစ်ဆေးရခြင်းဖြစ်ပါသည်။
ကလေးခရိုင်ဦးစီးမှူးက အလှကုန်ဆိုင်ပိုင်ရှင်များအား မိမိတို့ရောင်းချနေသော အလှကုန်ပစ္စည်းများအား ကုန်အညွှန်းအမှတ်အသားများပြည့်စုံသည့် အလှကုန်များကိုသာရောင်းချရန်နှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက သုံးစွဲရန်မသင့်ကြေညာထားသော အလှကုန်များအား ရောင်းချခြင်းမပြုရန်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)