Main menu

ထားဝယ်မြို့ပေါ်ရှိ စားသောက်ကုန်နှင့် သနပ်ခါးအမည်ခံအလှကုန်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်း များသည် ၂၀၂၀ ပြည့်နှစ် သြဂုတ် ၂၅ ရက်နေ့တွင် တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး၊ မြို့နယ်စည်ပင်သာယာရေး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးတို့နှင့် ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ ကုန်စုံဆိုင်များ၊ Shopping Center များတွင် စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

     ထိုသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်စုံဆိုင်များ၊ Shopping Center များ၌ စားသောက်ကုန်များတွင် အမှတ်တံဆိပ်များအား ကုန်အညွှန်းအမှတ်အသားပြဌာန်းချက်များ နှင့်ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခဲ့ပါသည်။ ထို့နောက် သနပ်ခါးအမည်ခံအလှကုန်ပစ္စည်းများ၌ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကော်မရှင်က ထုတ်ပြန်ထားသော အမိန့်ကြေငြာစာအမှတ် (၂/၂၀၁၉) ညွှန်ကြားချက်နှင့်အညီ ကုန်အညွှန်းအမှတ်အသားများတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းတို့ပါဝင်ခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

တနင်္သာရီတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန