ချင်းပြည်နယ်အတွင်းရှိ ပြည်သူများ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများ တိုးပွားလာစေရန်ရည်ရွယ်၍ စားသုံးသူအသိပညာပေးဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ၂၀၂၃ခုနှစ်၊ မတ်လ၁၄ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူး ဦးလှမိုးနိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားတွင် တက်ရောက်လာကြသော ကျောင်းအုပ်ဆရာမကြီးနှင့်တကွ ကျောင်းသား/ကျောင်းသူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် စားသုံးသူအခွင့်အရေးဆိုင်ရာ ဉာဏ်စမ်းပဟေဠိကျင်းပရသည့်ရည်ရွယ်ချက်ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် ပြည်နယ်ဦးစီးမှူးရုံးမှ ဦးကီးအောင်လိန်း(ဒု-ဦးစီးမှူး)က စားသုံးသူအခွင့်အရေးနှင့်သတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါပြဋ္ဌာန်းချက်များကို ရှင်းလင်းဆွေးနွေးခြင်း၊ ကျောင်းသား/ကျောင်းသူများနှင့် အမြင်ချင်းဖလှယ်ဆွေးနွေးခြင်းပြုလုပ်ခဲ့ပြီးနောက် ကျောင်းတွင်သင်ကြားသည့် အတန်းပညာများအပြင် စားသုံးသူအခွင့်အရေးဆိုင်ရာ အသိပညာဗဟုသုတများကိုလည်း လေ့လာမှတ်သားစေလိုကြောင်းနှင့် မိမိဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့အသုံးချဆောင်ရွက်သွားကြရန် တိုက်တွန်းခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် နောက်ဆုံးအစီအစဉ်အဖြစ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ပြီး ကော်မတီဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား /ကျောင်းသူများ စုစုပေါင်း (၄၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ချင်း)