Main menu

ကျိုက်မရောမြို့နယ်တွင် သနပ်ခါးအမည်ခံအလှကုန်များအား စားသုံးသူကာကွယ်ရေးဥပဒေနှင့် ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

            မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာန တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ကျိုက်မရောမြို့နယ်တွင် ဈေးကွက်အတွင်းရှိ ပြည်တွင်းပြည်ပမှ တင်သွင်းလာသော သနပ်ခါးအမည်ခံ အလှကုန်များအား မြန်မာဘာသာဖြင့် ပူးတွဲဖော်ပြရာ၌ စားသုံးသူ ကာကွယ်ရေးဥပဒေပြဌာန်းချက်နှင့် ကိုက်ညီမှု ရှိ/မရှိ ၂၂.၈.၂၀၂၀ ရက်နေ့က ကျိုက်မရောမြို့မဈေးကြီးနှင့် ရပ်ကွက်အတွင်းရှိ စတိုးဆိုင်များ၊ အလှကုန်ဆိုင်များသို့ သွားရောက်စစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာ၌ ပြည်တွင်းပြည်ပမှ တင်သွင်းလာသည့် သနပ်ခါးအမည်ခံ အလှကုန်ပစ္စည်းများ၌ ၁၀ ဂရမ်အထက် အလှကုန်များအား မြန်မာဘာသာဖြင့် ဖော်ပြရာ၌ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ကိုက်ညီမှု ရှိ/မရှိ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးခြင်းဖြစ်ပြီး အလှကုန်များမှာ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ကိုက်ညီမှုမရှိသော သနပ်ခါးအမည်ခံအလှကုန်များ မတွေ့ရှိကြောင်း သိရှိရပြီး မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်မပါရှိသော အလှကုန်ပစ္စည်းများကို ရောင်းချခြင်းမပြုရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

မွန်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန