Main menu

ပခုက္ကူကုန်စည်ဒိုင် ကြက်သွန်နီ မတ်လ(ဒုတိယ)ပတ်အတွင်း ဈေးကွက်အခြေအနေ

Powered by Drupal

     ပခုက္ကူကုန်စည်ဒိုင်တွင် ကြက်သွန်နီ(မိုး)အသစ်များ တစ်ရက်လျှင် ပျမ်းမျှကြက်သွန်နီကုန်ချိန်(၄၀၀၀၀)ပိဿာခန့် ဝင်ရောက်လျက်ရှိရာ တစ်ပတ်အတွင်း စုစုပေါင်းပိဿာချိန်(၃)သိန်းဝန်းကျင်ခန့် ကုန်စည်ဒိုင်သို့ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

     ယခင်မတ်လ ပထမပတ်တွင် ကြက်သွန်ထိပ်စအမြင့်ဆုံးဈေးမှာ တစ်ပိဿာလျှင် ကျပ် (၁၃၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၁၀၀၀)၊ အသေးစတစ်ပိဿာလျှင် ကျပ်(၆၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခုတစ်ပတ်တွင် ကြက်သွန်နီဈေးနှုန်းမှာ အမြင့်ဈေးထိပ်စရှယ်တစ်ပိဿာလျှင် ကျပ်(၁၁၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၈၀၀)၊ အသေးစတစ်ပိဿာလျှင်  ကျပ်(၅၀၀)ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ဈေးအနည်းငယ်ကျဆင်းသည်ကို တွေ့ရှိရပါသည်။

      ပခုက္ကူတွင် ကြက်သွန်နီစိုက်ဧကနည်းသော်လည်း မြစ်ခြေ၊ ကမ္မ၊ ရေစကြို၊ ပေါက်နယ်များမှ ကုန်စည်ဒိုင်သို့  နေ့စဉ်ဝင်ရောက်လျက်ရှိပါသည်။  ပခုက္ကူမှ အခြားတိုင်းဒေသကြီးများသို့ စီးဆင်းမှုမှာ ရန်ကုန်ဘုရင့်နောင်ပွဲရုံ၊ ပြည်ပပို့ကုန်အဖြစ် မြဝတီမှတစ်ဆင့် တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့လျက်ရှိပြီး စုစုပေါင်းပျမ်းမျှပိဿာချိန် (၃၀၀၀၀၀)ပိဿာခန့်၊ အိတ်အရေအတွက်(၈၅၇၁)အိတ်၊ တန်ချိန်(၄၉၀) တန်ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ကုန်စည်ဒိုင်ထံမှသိရှိရပါသည်။

     ပခုက္ကူမြို့မဈေးအတွင်းတွင် ကြက်သွန်နီ၏ အရွယ်အစားနှင့်အရည်အသွေးကိုလိုက်၍ ရောင်းချနေသောလက်လီဈေးများမှာ ထိပ်စရှယ်အမြင့်ဈေးတစ်ပိဿာလျှင် ကျပ်(၁၄၀၀)ခန့်၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၁၂၀၀)ခန့်၊ အသေးစတစ်ပိဿာလျှင် ကျပ်(၉၅၀-၁၀၀၀)ခန့်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ကြက်သွန်နီရောင်းချသူထံမှသိရှိရပါသည်။

DOCA(မကွေး)