Main menu

ယခုအချိန်ထိ အရောင်းအဝယ်ဖြစ်နေသည့် ပဲစဉ်းငုံ

Powered by Drupal

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များနှင့် ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေခြင်းတို့အတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ (၂၀၂၃)ခုနှစ်၊ မတ်လဒုတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့်သီးနှံနှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။

ရွှေဘိုမြို့ ပဲ၊ နှမ်း ကုန်စည်ဒိုင်တွင် ဒီဇင်ဘာလနောက်ဆုံးပတ်မှစတင်၍ ပဲစဉ်းငုံများ စတင် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ၂၀၂၃ခုနှစ်၊ မတ်လ၊ ဒုတိယပတ်အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မတ်လဒုတိယပတ်၌ ပဲစဉ်းငုံတစ်တင်းလျှင်(၆၉၀၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၉၀၀)တင်း/ (၂၉)တန်ဖြစ်ကြောင်း၊ ယခင်နှစ်ကာလတူ၌ ပဲစဉ်းငုံတစ်တင်းလျှင် (၄၂၈၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့ပြီး ယခင်အပတ်၌ ပဲစဉ်းငုံတစ်တင်းလျှင်(၆၇၆၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်တင်းလျှင်(၂၆၂၀ဝိ/-)ကျပ် နှင့်  ယခင်အပတ်နှင့် ယခုအပတ် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်တင်းလျှင်(၁၄၀ဝိ/-)ကျပ် ပိုမိုခဲ့ကြောင်း သတင်းရရှိပါသည်။

နှင်းနှင်းခိုင်(ရွှေဘို)