![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၁၀၉_2.jpg?itok=Nxqa8LSc)
ပြည်မြို့ရှိ မြေပဲဆံဈေးကွက်တွင် မတ်လဆန်း၌ မြေပဲဆန်ဈေးများမှာ အနည်းငယ်မြင့်တက်လာပါသည်။ ကံမ၊ မင်းတုန်း၊ ပေါက်ခေါင်းနှင့် ရွှေတောင်ဘက်မှ (၂-၃) ရက်ခြားတစ်ခါဝင်ရောက်လျက်ရှိပြီး ဝင်ရောက်သည့်ရက်တွင် မြေပဲဆံတစ်တင်းခွဲအိတ် (၅၀၀) အိတ်လောက်သာ ဝင်ရောက်မှုရှိပါသည်။ မြေပဲဆံကို ဒေသတွင်းဆီစက်သမားများနှင့် နယ်စုံမှဝယ်ယူမှုရှိသဖြင့် ဝင်သလောက်အရောင်းအဝယ်ဖြစ်ပြီး ယခု ၂၀၂၃ခုနှစ်၊ မတ်လဆန်းတွင် ဝယ်လိုအားများပြီး ဝင်ရောက်မှုနည်းသွားသဖြင့် မြေပဲဆံဈေးအနည်းငယ်မြင့်တက်လာပါသည်။ ယခုအပတ်၌ မြေပဲဆံဈေးများမှာ မြေပဲဆံ(အဖြူ)တစ်ပိဿာလျှင် (၅၈၀၀) ကျပ်၊ မြေပဲဆံ(အနီ)တစ်ပိဿာလျှင် (၆၈၀၀) ကျပ်ဖြင့် ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် တစ်ပိဿာလျှင် (၂၀၀) ကျပ်ခန့် ဈေးမြင့်တက်လာခဲ့ပါသည်။ ထို့တူ မြေပဲလုံးဆံဈေးမှာလည်း (အဖြူ) တစ်ပိဿာလျှင် (၆၅၀၀) ကျပ်၊ (အနီ) တစ်ပိဿာလျှင် (၇၃၅၀) ကျပ်ဖြင့် တစ်ပိဿာလျှင် ကျပ် (၁၀၀-၁၅၀) ခန့်သာ ဈေးအနည်းငယ်မြင့်တက်လာခဲ့ပါသည်။ မြေပဲဆီဈေးမှာလည်း တစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်ဖြင့် ယခင်အပတ်ကအတိုင်း ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)