Main menu

“ခရမ်းချဉ်သီးစိုက်တောင်သူများ စျေးကောင်းရနေ”

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများသည် စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ငရုတ် စသည့်သီးနှံများကို အဓိကထားစိုက်ပျိုးလျက်ရှိရာ ယခုအခါ ကုန်စိမ်းသီးနှံဖြစ်သော ခရမ်းချဉ်သီးကိုလည်း တစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်စိုက်ပျိုးလာကြသည်ကိုတွေ့ရပါသည်။ ခရမ်းချဉ်သီးစိုက်ပျိုးမည်ဆိုလျှင် မျိုးစေ့ကိုမြေသားဘောင်ပြုလုပ်၍ ပျိုးထောင်ပြီး တစ်လကျော် (သို့) တစ်လခွဲသားအချိန်တွင်စိုက်ပျိုးနိုင်ပြီး စတင်စိုက်ပျိုးသည်မှ (၂)လကျော်အချိန်တွင် အသီးများစတင်ခူးဆွတ်နိုင်၍ (၄-၅)ရက်ခြားတစ်ကြိမ်ခူးဆွတ်ရကြောင်း၊ စတင်ခူးဆွတ်ချိန်တွင်(၁)ဧကလျှင် ပိဿာချိန် (၃၀-၄၀)ပိဿာခန့်ထွက်ရှိပြီး တစ်ပတ်ထက်တစ်ပတ် အထွက်နှုန်းပိုမိုလာကာ အများဆုံးထွက်ရှိသောအချိန်တွင် ပိဿာချိန်(၂၅၀-၃၀၀)ဝန်းကျင်ထွက်ရှိကြောင်းသိရှိရပါသည်။ ခရမ်းချဉ်သီးစိုက်ပျိုးရာတွင်(၁)ဧကကုန်ကျစရိတ်အနေဖြင့် ပျိုးထောင်ခြင်း၊ မြေပြင်ခြင်း၊ ရေတင်ခြင်း၊ သွင်းအားစု၊ လုပ်သားခ၊ စုစုပေါင်း (၈၀၀၀၀၀- ၉၀၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း၊ စတင်ခူးဆွတ်သည်မှ (၃)လကျော်အထိခူးဆွတ်နိုင်ကြောင်း၊ ကုန်စိမ်းသီးနှံဖြစ်သည့်အတွက် စျေးနှုန်းအတက်အကျရှိကြောင်း၊ ထွက်ရှိလာသော ခရမ်းချဉ်သီးများကို လက်လီရောင်းချမှုရှိသည့်အပြင် အထွက်နှုန်းများပြားလာပါက ကုန်စိမ်းဒိုင်များသို့သွားရောက်ရောင်းချကြောင်း၊ ယခုအချိန်တွင် ခရမ်းချဉ်သီး (၁)ပိဿာလျှင် (၁၂၀၀-၁၃၀၀)ကျပ်အထိရောင်းချရသောကြောင့် စျေးကောင်းရရှိနေပြီး ရာသီသိမ်းသည်အထိ (၁)ဧကအကျိုးအမြတ်အနေဖြင့်(၁၀-၁၃)သိန်းဝန်းကျင်ရရှိသောကြောင့် ခရမ်းချဉ်သီးစိုက်တောင်သူများ ပျော်ရွှင်ဝမ်းသာလျက်ရှိပြီး တိုးချဲ့စိုက်ပျိုးသင့်သောသီးနှံတစ်မျိုးဖြစ်ကြောင်း ခရမ်းချဉ်သီးစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိပါသည်။

DOCA(မန္တလေး)