Main menu

“ နွေနှမ်းများစတင်စိုက်ပျိုးလျက်ရှိ ”

Powered by Drupal

     မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် နွေနှမ်းများကို စတင်စိုက်ပျိုးလျက်ရှိပါသည်။ ၂၀၂၃ခုနှစ်အတွက် ကျောက်ဆည်ခရိုင်တွင် နွေနှမ်းလျာထားစိုက်ဧက (၃၉၇၀၃)ဧကစိုက်ပျိုးနိုင်ရန် လျာထားချက်ရှိကြောင်း သက်ဆိုင်ရာဌာန၏စာရင်းများအရသိရှိရပါသည်။ ယခုမတ်လဆန်းမှစ၍ ဆည်ရေသောက်လယ်မြေဧကများတွင် နှမ်းကြဲရေများလွှတ်ပေးသဖြင့် နွေနှမ်းများကို တောင်သူများစတင်စိုက်ပျိုးလျက်ရှိပါသည်။ နွေနှမ်းစိုက်ပျိုးမှုအနေဖြင့် တစ်ဧကလျှင် မျိုး၊ သွင်းအားစုနှင့် လုပ်သားခစုစုပေါင်း (၂၆၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်းသိရှိရပါသည်။ စိုက်ပျိုးသောနှမ်းအမျိုးအစားများမှာ နှမ်းဖြူ၊ နှမ်းညို၊ နှမ်းနက်မျိုးများကို အများဆုံးစိုက်ပျိူးကြပါသည်။ နှမ်းဈေးနှုန်းများအနေဖြင့် ယခင်နှစ်တွင် နှမ်းဖြူတစ်တင်းလျှင် (၅၉၀၀၀)ကျပ်၊ နှမ်းနက်ရိုးရိုးတစ်တင်းလျှင် (၅၄၀၀၀)ကျပ်၊ နှမ်းနက်စမုံတစ်တင်းလျှင် (၅၂၀၀၀)ကျပ်၊ နှမ်းညိုတစ်တင်းလျှင် (၅၄၀၀၀)ကျပ်ဈေးနှုန်းများရှိပြီး ယခုလက်ရှိပေါက်ဈေးအနေဖြင့် နှမ်းဖြူတစ်တင်းလျှင် (၁၀၈၀၀၀)ကျပ်၊ နှမ်းနက်ရိုးရိုးတစ်တင်းလျှင် (၈၁၀၀၀)ကျပ်၊ နှမ်းနက်စမုံတစ်တင်းလျှင် (၈၀၀၀၀)ကျပ်၊ နှမ်းညိုတစ်တင်းလျှင် (၈၁၀၀၀)ကျပ်ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ယခုလက်ရှိ၌ နှမ်းဆီတစ်ပိသာလျှင် (၁၂၀၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ နှမ်းဈေးနှုန်းများကောင်းမွန်သောကြောင့် နှမ်းစိုက်ပျိုးသောတောင်သူများအနေဖြင့် မိသားစုစားသုံးဆီဖူလုံရုံမျှမက အကျိုးအမြတ်များရရှိသဖြင့် နှမ်းများကို ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးလာကြသည်ကိုတွေ့ရှိရပါသည်။

DOCA(မန္တလေး)