Main menu

“မိတ္ထီလာခရိုင်အတွင်းဖြစ်ပေါ်နေသော ဆန်/စပါးစျေးနှုန်းများ”

Powered by Drupal

     မိတ္ထီလာခရိုင်တွင် စပါးကို မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်းနှင့် သာစည်မြို့နယ်များတွင် စိုက်ပျိုးကြပြီး (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်တွင် စိုက်ဧက (၁၀၀၇၃၃) ဧကနှင့် ရိတ်ဧက (၈၁၇၉၃)ဧကနှင့် အထွက်နှုန်းမှာ (၅၄၃၈၇၈၅) တင်းထွက်ရှိကြောင်း၊ ထွက်ရှိသောစပါးများကို ဒေသတွင်းစားသုံးမှုအတွက် ကြိတ်ခွဲထုတ်လုပ်ရောင်းချကြောင်းသိရပါသည်။

     မိတ္ထီလာခရိုင်အတွင်း ၂၀၂၃ခုနှစ်၊ မတ်လတတိယပတ်တွင် စျေးကွက်အတွင်းဖြစ်ပေါ်နေသော စပါး/ဆန်စျေးနှုန်းများမှာ မနောသုခစပါးတင်း (၁၀၀) လျှင် ကျပ် (၁၇) သိန်း၊ ဧရာပဒေသာစပါးတင်း (၁၀၀) လျှင် ကျပ် (၁၉) သိန်းခန့်ရှိပြီး၊ မနောသုခဆန် (သစ်) တစ်အိတ်လျှင် (၆၀၀၀၀) ကျပ်၊ မနောသုခဆန် (ဟောင်း) တစ်အိတ်လျှင် (၇၀၀၀၀) ကျပ်၊ ဧရာပဒေသာဆန် (သစ်) တစ်အိတ်လျှင် (၇၅၀၀၀) ကျပ်၊ ဧရာပဒေသာဆန် (ဟောင်း) တစ်အိတ်လျှင် (၉၀၀၀၀) ကျပ်၊ ရွှေဘိုပေါ်ဆန်း(သစ်) တစ်အိတ်လျှင် (၉၅၀၀၀) ကျပ်နှင့် ရွှေဘိုပေါ်ဆန်း (ဟောင်း) တစ်အိတ်လျှင် (၁၀၀၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)