(၁၆-၃-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီမှ (၁၀:၃၅) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်၊ ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင်နှင့် ဝန်ထမ်းများသည် ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ရှေးဦးသူနာပြုသင်တန်းသူ (၁၈) ဦးအား စားသုံးသူအခွင့်အရေးများကို သိရှိနားလည်စေရန် အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားပြီး သင်တန်းသူများအား ရှေ့ဦးသူနာပြုစုနည်းသင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြီး လူငယ်နှင့်ကျန်းမာရေးအကြောင်း ဆွေးနွေးခဲ့ပါသည်။ ညောင်တုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ချိုမီဇင်က စားသုံးသူရေးရာဦးစီးဌာန၏ဆောင်ပုဒ်ဖြစ်သည့် “စားသုံးသူအခွင့်အရေး ဦးစားပေး” ဆိုသည့်အတိုင်း ပြည်သူများသည် မိမိတို့၏အခွင့်အရေးကို သိရှိနားလည်နိုင်ရန် လိုအပ်ပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနသည် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန် မျှော်မှန်းဆောင်ရွက်လျက်ရှိပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အရ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ စားသုံးသူများသည် မိမိတို့၏အခွင့်အရေးကိုသိရှိနားလည်ပြီး ကုန်စည်/ဝန်ဆောင်မှုနှင့်ပတ်သက်၍ အမှန်တကယ်နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက နစ်နာမှုအတွက် စားသုံးသူရေးရာဦးစီးဌာနသို့ Online မှတစ်ဆင့် ဆက်သွယ်တိုင်ကြားလိုပါက DOCA Website၊ DOCA Myanmar Mobile application တွင်ပါရှိသော Consumer Complaint System တိုင်ကြားလွှာပုံစံတွင် အချက်အလက်များဖြည့်သွင်းပြီး တိုင်ကြားနိုင်ပါကြောင်း၊ Consumer Call Center 1535 သို့လည်းကောင်း၊ CICC စင်တာများ၊ လိပ်စာနှင့် ဖုန်းနံပတ်များကိုလည်းကောင်း ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း သိရှိနိုင်ရန် အသိပညာပေးဟောပြောခဲ့ပါသည်။
DOCA(ဧရာဝတီ)