(၁၇-၃-၂၀၂၃) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံသည် မုဒုံမြို့၊ သစ်စက်ရပ်ကွက်၊ မြနန္ဒာလမ်းရှိ မုန့်လုပ်ငန်းရှင်ထံသို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာ စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံက မုန့်လုပ်ငန်းရှင်အား မုန့်ပြုလုပ်ရာတွင် သန့်ရှင်းသပ်ရပ်မှုရှိစေရန်၊ ခွင့်မပြုဆိုးဆေးများမသုံးစွဲရန်၊ ထုတ်ပိုးမှုစနစ်သေသပ်စေရန်၊ စတင်ထုတ်လုပ်သည့်ရက်စွဲ၊ နောက်ဆုံးစားသုံးရမည့်ရက်စွဲ၊ ဆက်သွယ်ရန်လိပ်စာများကိုသိသာထင်ရှားစွာဖော်ပြရန်၊ စားသုံးရန်သင့်ကြောင်းသက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါရှိရန်လိုကြောင်း၊ မိမိထုတ်လုပ်ရောင်းချသောမုန့်သည် စားသုံးသူများအတွက် အရည်အသွေးမီအာမခံချက်ရှိဖို့ရန်လိုကြောင်း ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသော (၂/၂၀၁၉) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်စပ်လျဉ်း၍ အသေးစိတ်ပါရှိရမည့်အချက်များဖော်ပြထားသော လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)