စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးသည် ၂၀၂၃ခုနှစ်၊ မတ်လ ( ၁၉ ) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ပြည်ထောင်စုဝန်ကြီးသည် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးအား စစ်ဆေးရာတွင် ရုံးစာကြည့်တိုက်တွင် စာအုပ်များထားရှိမှုအခြေအနေ၊ မှတ်တမ်းများထားရှိမှုအခြေအနေများ၊ ဌာနခွဲများတွင် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ ရုံးနှင့် ရုံးပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ထမ်းများတွေ့ဆုံပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က မိမိတို့တိုင်းဒေသကြီးအနေဖြင့် လုပ်ငန်းဆောင်ရွက်မှုများ၊ ဝန်ထမ်းသက်သာချောင်ချိရေး ဆောင်ရွက်မှုများ၊ လုပ်ငန်းခွင်ပျော်ရွင်စေရေး ဆောင်ရွက်မှုများ၊ ကြုံတွေ့ရသည့်အခက်အခဲများအား power point များဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကိုလမ်းညွှန်မှာကြားခဲ့ကြောင်း သိရပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဝန်ထမ်းများအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များအပေါ် မည်သို့ အကောင်အထည် ဖော်ဆောင်ရွက်ရမည်ကို လမ်းညွှန်မှာကြားခဲ့ပြီး လုပ်ငန်းများကို ကြိုးစားဆောင်ရွက်ကြရန်၊ စဉ်ဆက်မပြတ်လေ့လာသင်ယူကြရန်နှင့် စာဖတ်သည့်အလေ့အထကောင်းကို ပြုစုပျိုးထောင်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)