(၂၁-၃-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့သည် ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊ လက်ပြကျေးရွာရှိ ရွှေနဂါးယိုမျိုးစုံထုတ်လုပ်သည့် လုပ်ငန်းသို့သွားရောက်၍ ယိုလုပ်ငန်းရှင် ဒေါ်မေဦးမွန်အား တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ခရိုင်ဦးစီးမှူးက ဆိုးဆေးများအား သတ်မှတ်အချိုးအတိုင်း မှန်ကန်စွာသုံးစွဲရန်၊ ယိုမျိုးစုံပြုလုပ်ရာတွင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး အလေးထားဆောင်ရွက်ရန်၊ ထုပ်ပိုးမှုစနစ်များလုံခြုံစွာဆောင်ရွက်ရန်၊ ကုန်အမှတ်တံဆိပ်နှင့်ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြရန်၊ သက်တမ်းလွန်အစားအသောက်များကို ရောင်းချခြင်းမပြုရန်၊ အရည်းသွေးပြည့်မီပြီး သန့်ရှင်းကောင်းမွန်သောကုန်ကြမ်းများဖြင့် ကျန်းမာရေးနှင်ညီညွတ်စွာထုပ်လုပ်ရောင်းချကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ လမ်းညွန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)