Main menu

အစားအစာများရွေးချယ်တတ်စေရေး ကလေးများအား အသိပညာပေး

Powered by Drupal

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင် ဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် (၁၆-၃-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ပခုက္ကူမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်ဖွင့်လှစ်သည့် အခြေခံပန်းချီသင်တန်း၌ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ သင်တန်းသား/သင်တန်းသူ (၁၇) ဦး၊ မိဘပြည်သူ (၅) ဦး၊ ဆရာ (၄) ဦးနှင့် ဝန်ထမ်း (၄) ဦး၊ စုစုပေါင်း (၃၀) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

    ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီးနောက် ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးက ဌာန၏သမိုင်းကြောင်းနှင့် ယခုအခါ ဌာနကဆောင်ရွက်နေသည့်လုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြား၍ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားများတွင် ထည့်သွင်းဖော်ပြရမည့် အချက်(၈)ချက်အား တက်ရောက်လာသည့် သင်တန်းသား/သင်တန်းသူများ၊ ဆရာများ၊ မိဘပြည်သူများနှင့် ဝန်ထမ်းများအား ရှင်းလင်းလွယ်ကူသိသာစေရန် နမူနာပစ္စည်းများပြသ၍ ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းကာ ယခုကဲ့သို့ ကုန်အညွှန်းအမှတ်အသားများမပါလျှင် ဝယ်ယူစားသောက်မှုမပြုသင့်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှသာလျှင် သုံးစွဲသင့်ကြောင်း၊ စားသုံးသူမိဘပြည်သူများက တိကျစွာလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်းတို့ကို အသိပညာပေးဟောပြောကာ ယခုကဲ့သို့ စားသုံးသူမိဘပြည်သူများကို အသိပညာပေးခြင်းသာမက လုပ်ငန်းရှင်များထံသို့ပါသွားရောက်၍ ကုန်အညွှန်းအမှတ်အသားများတွင် ထည့်သွင်းရမည့်အချက်များပါဝင်နိုင်ရေး ဌာနက သွားရောက်ဆွေးနွေး၍ အသိပညာပေးကြောင်း၊ သို့မှသာ ကုန်ပစ္စည်းများတွင် ထည့်သွင်းရမည့်အချက်များပါဝင်လာပြီး စားသုံးသူများအတွက် လုံခြုံစိတ်ချရသည့်ကုန်ပစ္စည်းများထုတ်လုပ်နိုင်မည်ဖြစ်ကြောင်းနှင့် စားသုံးသူမိဘပြည်သူများလည်း ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်မည်ဖြစ်ကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

 ဆက်လက်၍ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၉) ပါ စားသုံးသူများရရှိသည့်အခွင့်အရေး (၈) ချက်ကိုလည်း သင်တန်းသားများသိရှိနားလည်စေရန် ဥပမာများဖြင့် ရှင်းလင်းခြင်းနှင့် လိုက်နာရမည့်တာဝန်များကိုလည်း ဆွေးနွေးခြင်းတို့ပြုလုပ်ကာ ယခုလိုသိရှိမှသာ မိမိတို့ရရှိမည့်အခွင့်အရေးများကို တောင်းခံနိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူများလိုက်နာရမည့်တာဝန်များကိုလည်း တိတိကျကျလိုက်နာရန်လိုအပ်ကြောင်းနှင့် တက်ရောက်လာသည့် မိဘပြည်သူများ၊ ဝန်ထမ်းများ၊ဆရာ/ဆရာမများနှင့် သင်တန်းသား/သင်တန်းသူများက သိရှိလိုသည်များကိုမေးမြန်းရာ ပြန်လည်ဖြေကြားခဲ့ပြီးနောက် လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ပါသည်။

DOCA(မကွေး)