ရန်ကုန်တောင်ပိုင်း၊သန်လျင်ခရိုင်နှင့်တွံတေးခရိုင် မြို့နယ်အတွင်းရှိ သုံးစွဲသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၏ ထောက်ခံချက်ပါရှိသောဆေးဝါးများရောင်းချနေခြင်းရှိ/မရှိ ကို သက်ဆိုင်ရာ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ ၊စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းများနှင့် အခြားမိတ်ဖက်ဌာနမှ ဝန်ထမ်းများ ပါဝင်သောပူးပေါင်းအဖွဲ့များသည် သန်လျင်ခရိုင်နှင့်တွံတေးခရိုင် မြို့နယ်အတွင်းရှိ ဆေးအရောင်းဆိုင်(၂၈)ဆိုင်အား ၂၀၂၃ခုနှစ်၊ မတ်လအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်၊၊
DOCA(ရန်ကုန်)