Main menu

ဈေးကွက်ဝင် အုန်းချိုမွှေးများကို စိုက်ပျိုးလျက်ရှိ

Powered by Drupal

    ဖျာပုံမြို့နယ်သည် စိုက်ပျိုးရေးနှင့်ရေလုပ်ငန်းကို အဓိကထား၍လုပ်ကိုင်လျက်ရှိသော မြို့တစ်မြို့ဖြစ်ပါသည်။ ယခုအခါထိုင်းမျိုးဖြစ်သည့် အုန်းချိုမွှေး(အရည်သောက်အုန်းပင်)များကို စိုက်ပျိုးလာကြပါသည်။ ထိုစိုက်ပျိုးထားသော ကျုံတာကျေးရွာသို့ (၁၇.၃.၂၀၂၃)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ လိုက်ပါကာ စိုက်ခင်းသို့ကွင်းဆင်း၍    စိုက်ခင်းနှင့်ပတ်သက်၍ မေးမြန်းကြည့်ရာ အုန်းချိုမွှေးစိုက်ဧက(၄)ဧက စိုက်ပျိုးထားပြီး တစ်ဧကကို  အပင်(၈၀)၊ တစ်ပင်နှင့်တစ်ပင်(၁၅)ပေခြား၍ တစ်ဘောင်နှင့်တစ်ဘောင်(၁၀)ပေအကွာအဝေးဖြင့်   စိုက်ပျိုးထားပြီး ပျိုးပင်များကို မြဝတီမှ ဝယ်ယူပြီး တစ်ပင်လျှင် (၇၀၀၀)ကျပ်ဈေးဖြင့် ဝယ်ယူရပါသည်။  ယခုခြံလုပ်သား(၅)ဦးရှိပြီး ကိုယ့်စရိတ်ကိုယ်စား တစ်နေ့လျှင်လုပ်ခ ကျပ်(၇၀၀၀ မှ ၁၀၀၀၀)ထိ ရှိပါသည်။ စိုက်ခင်းဘောင်ပေါ်တွင် စက်ဖွဲပြာ၊ သဘာဝကြက်ချေး၊ တီစူပါအနက်၊ ပုလဲဓာတ်မြေဩဇာ၊  နွားချေးတို့အား အချိုးအစားအတိုင်း ထည့်ပေးထားပါသည်။ အုန်းချိုမွှေးသီးချိန်မှာ (၂)နှစ်ကြာမြင့်ပါသည်။ နောက်အသီးလိုက်ပြီး တစ်ပင်ကို(၁-၂)ခိုင်ကျပါသည်။ အုန်းပင်တစ်ခိုင်လျှင် အလုံးရေ (၁၅-၂၀) သီးပါသည်။ (၁)လုံးလျှင် ကျပ်(၁၀၀၀)ရရှိပါသည်။ အုန်းချိုမွှေး(၄)ဧက စိုက်ပျိုးကုန်ကျစရိတ်မှာ ကျပ်သိန်း(၃၀၀)ခန့်ရှိပြီး   အုန်းပင်ကြားတွင် မျိုးကောင်းသော ကွမ်းသီးပင်များ အပင်(၁၀၀၀)ခန့် ကြားညှပ်စိုက်ပျိုးထားရှိပါသည်။ ကျုံတာကျေးရွာတွင်လည်း အုန်းချိုမွှေးစိုက်ပျိုးသူ နောက်တစ်ဦးရှိပြီး ဒေးဒရဲမြို့တွင်လည်း  အုန်းချိုမွှေးစိုက်ပျိုးသူရှိကြောင်း ခြံတာဝန်ခံထံမှ သိရပါသည်။

DOCA(ဧရာဝတီ)