Main menu

ရက်ကန်းလုပ်ငန်းရှင်အား အသိပညာပေးဆွေးနွေး

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို စားသုံးသူပြည်သူများသာမက စီးပွားရေးလုပ်ငန်းရှင်များသိရှိနိုင်စေရန် အသိပညာပေးခြင်များ ဆောင်ရွက်လျက်ရှိရာ (၂၀.၃.၂၀၂၃)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဒု-ခရိုင်ဦးစီးမှူးနှင့်/ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးကျေးရွာရှိ ရက်ကန်းလုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

        ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဒု-ခရိုင်ဦးစီးမှူးမှ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက် ရှိကြောင်း၊ စားသုံးသူကာကွယ်ရေဥပဒေပါ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် လိုက်နာရမည့်တာဝန်များ အကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ ပြည်သူများအနေဖြင့် ဌာနနှင့်ပတ်သက်သော သတင်းအချက်အလက်များကို အလွယ်တကူမေးမြန်းစုံစမ်းနိုင်ရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူ သုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများကြုံရပါက ဌာနသို့အလွယ်တကူတိုင်ကြားနိုင်ရန်၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ကုန်စည်နှင့် ဝန်ဆောင်မှုများ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသား အပါအဝင် လိုက်နာဆောင်ရွက်ရမည့်အချက်များကို စုံစမ်းနိုင်ရန်ရည်ရွယ်၍ ဌာနအနေဖြင့် Consumer Call Center ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ Telenor ,Mytel, Ooredooနှင့် MPT Sim Card User များအားလုံး Consumer Call Centerနံပါတ် ၁၅၃၅သို့ခေါ်ဆို၍ သိရှိလိုသည်များကို စုံစမ်းမေးမြန်းနိုင်သည့်အကြောင်းများ ရှင်းလင်းဆွေးနွေးခဲ့ပြီးပါသည်။ ဆက်လက်၍ ရက်ကန်းထည်များ၏ ဈေးနှုန်းဈေးကွက် နှင့်အကျိုးအမြတ်ရရှိမှုအခြေအနေများကို မေးမြန်းခဲ့ရာ လုပ်ငန်းရှင်အနေဖြင့် စက်ရက်ကန်း(၅)စင် ထောင်ထားကြောင်း၊ ယခုရက်လုပ်နေသည်မှာ ၂/၈၀တိုင်၊ ၂/၄၀ဖောက် မျက်ဝန်းဆင်ဖြစ်ပြီး လုံချည်တစ်ကွင်းလျင်(၈၅၀ဝိ/-)နှင့် ဝမ်းဆက်တစ်အုပ်လျင်(၁၁၅၀ဝိ/-)ဖြင့် ဆိပ်ခွန်ကျေးရွာနှင့် ဇီးကုန်းလေးကျေးရွာတွင် ဖောက်သည်သွင်း၍ရကြောင်း၊ ကိုယ်တိုင်ရက်လုပ်ပါက တစ်အုပ်လျင်(၁၉၀ဝိ/-) ခန့်အကျိုးအမြတ်ရှိပြီး ငှာရမ်း၍ရက်လုပ်ပါက တစ်အုပ်လျှင်(၁၀၀ဝိ/-) ပေးရကြောင်း၊  လျှပ်စစ်မီးမှန်ပါက တစ်ရက်လျှင် ဝမ်းဆက်(၅)အုပ်မှ (၇)အုပ်ထိရရှိကြောင်း၊  ရက်ကန်းလုပ်ငန်းလုပ်ကိုင်ရသည်မှာ လျှပ်စစ်မီး မမှန်ခြင်း၊ ရက်လုပ်ချိန်ပုံမှန်မရှိခြင်း၊ ချည်ဈေးနှုန်းများ ပုံမှန်မရှိခြင်းစသည့် အခက်အခဲများကြောင့် ယခင်ကလောက်အဆင်ပြေချောမွေ့မှုမရှိသည့်အတွက် မိမိရင်းနှီးထားသည့် လုပ်ငန်းဖြစ်၍သာ ဆက်လက်လုပ်ကိုင်ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးမှုအရ သတင်းရရှိ ပါသည်။

DOCA(စစ်ကိုင်း)